အဆင်မပြေ ချို့တဲ့ပြီး ဘဝကိုရုန်း ကန်နေရတဲ့ ငှက်ပျောသီးရဲ့ မိသားစု အကြောင်းပြောပြလာတဲ့ ဒိန်းဒေါင်

အဆင်မပြေ ချို့တဲ့ပြီး ဘဝကိုရုန်း ကန်နေရတဲ့ ငှက်ပျောသီးရဲ့ မိသားစု အကြောင်းပြောပြလာတဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြည့်ခဲ့တဲ့ အသက် (၄၅) နှစ်ပြည့်မွေးနေ့လေးမှာ မိခင်ဖြစ်သူရဲ့ လုံချည်ကိုလျှော်ပြီး ကုသိုလ်ယူခဲ့တဲ့အပြင် မိခင်ကိုသိန်း တစ်ရာနဲ့ကန်တော့ခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ သူ့ရဲ့ မွေးနေ့လေးကို မြောက်ဥက္ကလာပက နေအိမ်မှာ ကျင်းပခဲ့ပြီးတော့ ငှက်ပျောသီး (ခြိမ့်ကေကို) လည်း လာရောက်သီဆိုဖျော်ဖြေပေးတာ တွေ့ခဲ့ရပါတယ်။ လူရွှင်တော်ဒိန်းဒေါင်က ငှက်ပျောသီးကို ဆုံးမဖြစ်ခဲ့တာတွေကိုလည်း ယခုလို ဖွင့်ပြောလာခဲ့တာဖြစ်ပါတယ်။

“ခြိမ့်ကေကိုကို စပြီးတွေ့ တဲ့အချိန်တော့ ဆုံးမတယ် ပရိသတ်တွေ ဘယ်လောက်ပဲဆဲဆဲ၊ ဘာပြောပြောဘာမှ ပြန်မပြောရဘူး၊ ဘာမှပြန်မရေးရဘူး လူဆိုတာ ချစ်တဲ့လူရှိတယ်။ မုန်းတဲ့လူရှိတယ်။ အမြဲတမ်း ဆုံးမတယ် ကျတော်လည်း ကောမန့်တွေမှာတခါတလေ ကျရင်ပြောဆိုခံရတာတွေရှိတယ်။ အဲ့တော့ပရိသတ်တွေကိုပြောချင်တာက ကျတော်သူတစ်ယောက်တည်းမဟုတ်ဘူး ကလေးတွေအကုန်လုံးကို ဆုံးမတယ်။ သူတို့ဆီက ခုချိန်ထိ ကျတော် အကူညီတစ်ခုမှမတောင်းဖူးဘူး။ ကျတော်သာအလကားရိုက်ပေးတာတို့ အခု ငှက်ပျော်သီးတို့ဘာတို့ဆို အဝတ်အစားတွေပေးတာတို့ အဲဒါပဲရှိတယ်။”

” ပရိသတ်တွေ မကြိုက်ရင်တော့မတွဲဘူးဒါပေမယ့် အဝေးကနေတော့ ထောက်ပံ့ပြီးတော့ ကူညီချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ဆဲလိုက်တဲ့၊ ပြောလိုက်တဲ့စကားကြောင့် သူတို့တွေ စိတ်ညစ်သောကရောက်ပြီးတော့ ကျတော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လမ်းကြောင်းတစ်ခုဖွင့်ပေးတာပေါ့။ မင်းလည်း ခုကီးတွေ ဘာတွေ သိပ်မကိုက်ဘူး။ အဆိုတော်လုပ်ဖို့ကို လုပ်မယ်ဆိုလည်း မင်းဆရာတွေ ဘာတွေနဲ့သင် အဲလိုဆုံးမပေးတာပေါ့။”

ဒိန်းဒေါင်ကတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြည့်ခဲ့တဲ့ အသက် (၄၅) နှစ်ပြည့်မွေးနေ့လေးမှာ မိခင်ဖြစ်သူရဲ့ လုံချည်ကိုလျှော်ပြီး ကုသိုလ်ယူခဲ့တဲ့အပြင် မိခင်ကိုသိန်း တစ်ရာနဲ့ကန်တော့ခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ သူ့ရဲ့ မွေးနေ့လေးကို မြောက်ဥက္ကလာပက နေအိမ်မှာ ကျင်းပခဲ့ပြီးတော့ ငှက်ပျောသီး (ခြိမ့်ကေကို) လည်း လာရောက်သီဆိုဖျော်ဖြေပေးတာ တွေ့ခဲ့ရပါတယ်။ လူရွှင်တော်ဒိန်းဒေါင်က ငှက်ပျောသီးကို ဆုံးမဖြစ်ခဲ့တာတွေကိုလည်း ယခုလို ဖွင့်ပြောလာခဲ့တာဖြစ်ပါတယ်။

“ခြိမ့်ကေကိုကို စပြီးတွေ့ တဲ့အချိန်တော့ ဆုံးမတယ် ပရိသတ်တွေ ဘယ်လောက်ပဲဆဲဆဲ၊ ဘာပြောပြောဘာမှ ပြန်မပြောရဘူး၊ ဘာမှပြန်မရေးရဘူး လူဆိုတာ ချစ်တဲ့လူရှိတယ်။ မုန်းတဲ့လူရှိတယ်။ အမြဲတမ်း ဆုံးမတယ် ကျတော်လည်း ကောမန့်တွေမှာတခါတလေကျရင်ပြောဆိုခံရတာတွေရှိတယ်။ အဲ့တော့ပရိသတ်တွေကိုပြောချင်တာက ကျတော်သူတစ်ယောက်တည်းမဟုတ်ဘူး ကလေးတွေအကုန်လုံးကို ဆုံးမတယ်။ သူတို့ဆီက ခုချိန်ထိ ကျတော် အကူညီတစ်ခုမှမတောင်းဖူးဘူး။ ကျတော်သာအလကားရိုက်ပေးတာတို့ အခု ငှက်ပျော်သီးတို့ဘာတို့ဆို အဝတ်အစားတွေပေးတာတို့ အဲဒါပဲရှိတယ်။”

” ပရိသတ်တွေ မကြိုက်ရင်တော့မတွဲဘူးဒါပေမယ့် အဝေးကနေတော့ ထောက်ပံ့ပြီးတော့ ကူညီချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ဆဲလိုက်တဲ့၊ ပြောလိုက်တဲ့စကားကြောင့် သူတို့တွေ စိတ်ညစ်သောကရောက်ပြီးတော့ ကျတော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လမ်းကြောင်းတစ်ခုဖွင့်ပေးတာပေါ့။ မင်းလည်း ခုကီးတွေ ဘာတွေ သိပ်မကိုက်ဘူး။ အဆိုတော်လုပ်ဖို့ကို လုပ်မယ်ဆိုလည်း မင်းဆရာတွေ ဘာတွေနဲ့သင် အဲလိုဆုံးမပေးတာပေါ့။”

ဒိန်းဒေါင်တစ်ယောက်က ငှက်ပျောသီးဟာ တော်တော်လေးဆင်းရဲချို့တဲ့သူ တစ်ဦးဖြစ်ကြောင်းနဲ့ ငှက်ပျောသီးရဲ့ မိသားစုဘဝလေးကိုလည်း ပြောပြလာခဲ့တာပါ။“ငှက်ပျောသီးက သူ့အဖေက သုံးဘီးဆိုင်ကယ်မောင်းတာ၊ သူ့အမေက ကုန်စိမ်းရောင်းတာ တော်တော်ဆင်းရဲတယ်။ ခုလည်းမလည်မဝယ်နဲ့ သူများအိမ်မှာ ကပ်နေရတာ ပြီးတော့ သူက ပွင့်ပွင့်လင်းလင်းပြောရင် သာမန်၊ Normal လည်းမဟုတ်ဘူးဗျ ပြီးတော့အညာသားလည်းအညာသားဆိုတော့ ရိုးလည်းရိုးတယ်။ အပြုံးအရယ်လည်းမရှိဘူး အဲဒါကိုတချို့က တစ်မျိုးထင်နေတာ ဒါပေမယ့် ဒီစကားပြောလိုက်လို့ ကျတော်က ပရိသတ်ကိုပြောပြီးသား သူနဲ့လည်းမပတ်သက်နဲ့ဆို မပတ်သက်ပါဘူးလို့ ဒါပေမယ့် အဝေးကနေတော့ သွန်သင်ဆုံးမခွင့်တော့ပြုပါလို့ ဘာလို့လဲဆိုတော့ ပရိသတ်အမုန်းကို ကျတော်မခံနိုင်ဘူးလေ။ အဲအတွက်ကြောင့်ပါ တကယ်သူနဲ့အပြင်မှာတွေ့တဲ့အခါမှပဲသူ့အကြောင်းကိုပိုသိလိမ့်မယ်လို့ ကျတော်ထင်တယ်။” လို့ အကုန်သိမီဒီယာရဲ့ အင်တာဗျူးမှာဖြေကြားပြောဆိုထားခဲ့တာဖြစ်ပါတယ်။ဝေဖန်မှုတွေနဲ့ အမြဲရင်ဆိုင်နေရတဲ့ ငှက်ပျောသီးကို ဒိန်းဒေါင်ကတော့ လမ်းပြပြီးဆုံးမခွင့်တော့ပြုပေးပါလို့ ပရိသတ်ကြီးကို တောင်းဆိုထားတာဖြစ်ပါတယ်။We Love Cele

Photos-Dain Daung & Chaink K Ko

Comments are closed.