အနမ်းအစစ်တွေနဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်နေကြတဲ့ အလင်းရောင်နဲ့ အိချောပို

အနမ်းအစစ်တွေနဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်နေကြတဲ့ အလင်းရောင်နဲ့ အိချောပို

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရိုက်ကူးနေတဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးကတော့ လူငယ်ဆန်ဆန်လေးတွေနဲ့ စိတ်ဝင်စား ဆွဲဆောင်မှုအားကောင်းအောင် စတင်ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကြီးတစ်ကားပါ။ မေလ (၄) ရက်နေ့မှာ စတင်ပြီး ခြေလှမ်းသစ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးကိုတော့ ငွေဆောင်ကမ်းခြေမှာ ရိုက်ကူးနေခဲ့တာပဲ ဖြစ်ပါတယ်။

လူငယ်ဆန်ဆန်လေးနဲ့ အသက်ဝင်ပီပြင်အောင် စတင်ရိုက်ကူးပေးနေပြီဖြစ်တဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးမှာ တကယ့်အနမ်းအစစ်တွေနဲ့ ဆွဲဆောင်မှုရှိရှိသရုပ်ဆောင်ထားတာကို ပရိသတ်တွေ တွေ့မြင်ကြရမှာပါ။

တကယ့်အနမ်းခန်း အစစ်တွေနဲ့ ” ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကြီးမှာ ပီပီပြင်ပြင် သရုပ်ဆောင်နေကြပြီဖြစ်တဲ့ အလင်းရောင်နဲ့ အိချောပိုတို့ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

နေပူကြဲကြဲနဲ့ အရမ်းပူတဲ့ နေပူကြီးထဲမှာ ပီပီပြင်ပြင် သရုပ်ဆောင်နေကြတဲ့ အကြောင်းကိုတော့ အိချောပိုက ” ဒဏ္ဍာရီပင်လယ် … shooting 🎥 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးပုံဖော်နေတဲ့ ” ဒဏ္ဍာရီပင်လယ် ” ရုပ်ရှင်ကားကြီးမှာ အဓိကပါဝင် သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကတော့ အလင်းရောင်၊ ထွန်းကိုကို၊ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင် ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အလင်းရောင်နဲ့ အိချောပိုတို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက် ကြည်နူးမိမယ်လို့ ထင်ပါတယ်။ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ရိုက်ကွင်းပေါ်မှ အလင်းရောင်နဲ့ အိချောပိုတို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ ကြည်နူးမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Ei Chaw Po’s Facebook

Comments are closed.