ၿခိဳးၿခံျခစ္ကုတ္စြာေနထိုင္ၿပီး ကေလး သူငယ္ျပဳစုေစာင့္ေရွာက္ေရးအတြက္ ေဒၚလာ (၁၁) သန္း လႉဒါန္းေပး သြား ခဲ့သူ

ၿခိဳးၿခံျခစ္ကုတ္စြာေနထိုင္ၿပီး ကေလး သူငယ္ျပဳစုေစာင့္ေရွာက္ေရးအတြက္ ေဒၚလာ (၁၁) သန္း လႉဒါန္းေပး သြား ခဲ့သူ

အမ်ားအက်ိဳးျပဳလူမႈလုပ္ငန္းေတြလုပ္ကိုင္သူ အသက္ ၆၃ ႏွစ္အ႐ြယ္ အလန္ေနမန္ (Alan Naiman) ဟာ သူ႕ဘဝတစ္ေလၽွာက္လုံးမွာ အိမ္ေထာင္မျပဳခဲ့႐ုံမက အသုံးအစြဲလည္း က်စ္လ်စ္ေစ့စပ္ခဲ့သူပါ။ သူရွာေဖြရသမၽွ ပိုက္ဆံအားလုံးကို စုေဆာင္းထားၿပီး သူေသဆုံးသြားခ်ိန္မွာေတာ့ ပရဟိတလုပ္ငန္းေတြအတြက္ ေသတမ္းစာမွာ ေဒၚလာ (၁၁) သန္း ေပးအပ္လႉဒါန္းသြားခဲ့တာေၾကာင့္ သူ႕ရဲ႕အသိုင္းအဝိုင္းမွာ အေတာ္ေလးတန္ဖိုးထားစရာျဖစ္ခဲ့ပါတယ္။

ေနမန္ဟာ သူငယ္ခ်င္းျဖစ္တဲ့ ကာရန္ (Karan) ထံ ေသတမ္းစာလႊဲအပ္ခဲ့ၿပီး သူဟာ ဆီယက္တယ္ေဒသက ခ်ိဳ႕တဲ့သူေတြကို ကူညီတဲ့ အသင္းအဖြဲ႕ေတြဆီ သူ႕ရဲ႕ပိုင္ဆိုင္မႈေတြကို လႉဒါန္းေပးသြားခဲ့တာ ျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ ကေလးသူငယ္ျပဳစုေစာင့္ေရွာက္ေရးအဖြဲ႕ေတြကို ဦးစားေပးလႉဒါန္းခဲ့တယ္။ သူဟာ ကေလးမရွိေပမဲ့လည္း ကေလးတခ်ိဳ႕ကို ေမြးစားျပဳစုေပးခဲ့သလို ဖြံ႕ၿဖိဳးမႈေႏွးေကြးတဲ့ မသန္စြမ္းညီငယ္ကိုပါ ေစာင့္ေရွာက္ေပးခဲ့သူပါ။

ဒါ့အျပင္ သူ႕ရဲ႕ေန႔စဥ္ ေနထိုင္မႈဘဝကလည္း အေတာ္ေလးအံ့အားသင့္ဖို႔ေကာင္းပါတယ္။ ပိုက္ဆံအပိုကို ဘယ္ေတာ့မွမျဖဳန္းတတ္ဘဲ အဝတ္အစားကအစ သာမန္စတိုးဆိုင္ကေန အသက္သာဆုံးျဖစ္ေအာင္ ဝယ္ဝတ္တတ္တာပါ။ ေလၽွာ႔ေဈးနဲ႔ပစၥည္းေတြကိုသာ ဝယ္ယူသုံးစြဲတာမိ္ဳး လုပ္ေလ့လုပ္ထရွိၿပီး ျခစ္ျခစ္ကုတ္ကုတ္နဲ႔ ပိုက္ဆံစုရင္း ႐ိုး႐ိုးစင္းစင္းသာ ဘဝကိုျဖတ္သန္းခဲ့ပါတယ္။

သူက သီးသန္႔အနစ္နာခံႀကိဳးစားရတာမ်ိဳးမဟုတ္ဘဲ ဝါသနာဗီဇအရကို ပိုက္ဆံစုရတာ၊ ေခၽြတာရတာ အားသန္တဲ့သူျဖစ္တယ္လို႔ သူ႕ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ ကာရန္ (Karan) က ဆိုပါတယ္။

“ပိုက္ဆံစုရတာက သူ႕အတြက္ ဂိမ္းေအာင္ပြဲတစ္ခုလိုပဲ။ တစ္ရက္တစ္ရက္ကို ပိုက္ဆံမျဖဳန္းဘဲ သူဘယ္ေလာက်စ္လ်စ္ေစ့စပ္ေအာင္ ေနတတ္သလဲဆိုတာ အၿမဲဂုဏ္ယူေလ့ရွိတယ္။ သူ႕ေငြေၾကးပိုင္ဆိုင္မႈကို တကယ္သိတဲ့သူက ကၽြန္ေတာ္အပါအဝင္ ရင္းႏွီးသူအနည္းငယ္ေလာက္သာရွိပါတယ္။ သူ႕မွာကင္ဆာေရာဂါျဖစ္ပြားေနၿပီလို႔ သိရွိခဲ့ခ်ိန္စၿပီး အခုလို လႉဒါန္းထားရစ္ခဲ့ဖို႔ သူကိုယ္တိုင္စီစဥ္ခဲ့တာပါပဲ” လို႔ ကာရန္က ေျပာျပသြားခဲ့ပါတယ္။

ေနမန္ရဲ႕ လုပ္ရပ္ဟာ တန္ဖိုးထားစရာျဖစ္ခဲ့သလို ခ်ိဳ႕ငဲ့လိုအပ္ေနသူေတြအတြက္ အသက္႐ႉေပါက္ကို ပြင့္ေစခဲ့တာေၾကာင့္ လူမႈပတ္ဝန္းက်င္ကို အက်ိဳးျဖစ္ေစၿပီး အေသလွခဲ့တယ္လို႔လည္း ဆိုႏိုင္ပါတယ္။

Ref: CNN ” A frugal social worker left $11 million to children’s charities in his will “

[Unicode]

အများအကျိုးပြုလူမှုလုပ်ငန်းတွေလုပ်ကိုင်သူ အသက် ၆၃ နှစ်အရွယ် အလန်နေမန် (Alan Naiman) ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ အိမ်ထောင်မပြုခဲ့ရုံမက အသုံးအစွဲလည်း ကျစ်လျစ်စေ့စပ်ခဲ့သူပါ။ သူရှာဖွေရသမျှ ပိုက်ဆံအားလုံးကို စုဆောင်းထားပြီး သူသေဆုံးသွားချိန်မှာတော့ ပရဟိတလုပ်ငန်းတွေအတွက် သေတမ်းစာမှာ ဒေါ်လာ (၁၁) သန်း ပေးအပ်လှူဒါန်းသွားခဲ့တာကြောင့် သူ့ရဲ့အသိုင်းအဝိုင်းမှာ အတော်လေးတန်ဖိုးထားစရာဖြစ်ခဲ့ပါတယ်။

နေမန်ဟာ သူငယ်ချင်းဖြစ်တဲ့ ကာရန် (Karan) ထံ သေတမ်းစာလွှဲအပ်ခဲ့ပြီး သူဟာ ဆီယက်တယ်ဒေသက ချို့တဲ့သူတွေကို ကူညီတဲ့ အသင်းအဖွဲ့တွေဆီ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့တွေကို ဦးစားပေးလှူဒါန်းခဲ့တယ်။ သူဟာ ကလေးမရှိပေမဲ့လည်း ကလေးတချို့ကို မွေးစားပြုစုပေးခဲ့သလို ဖွံ့ဖြိုးမှုနှေးကွေးတဲ့ မသန်စွမ်းညီငယ်ကိုပါ စောင့်ရှောက်ပေးခဲ့သူပါ။

ဒါ့အပြင် သူ့ရဲ့နေ့စဉ် နေထိုင်မှုဘဝကလည်း အတော်လေးအံ့အားသင့်ဖို့ကောင်းပါတယ်။ ပိုက်ဆံအပိုကို ဘယ်တော့မှမဖြုန်းတတ်ဘဲ အဝတ်အစားကအစ သာမန်စတိုးဆိုင်ကနေ အသက်သာဆုံးဖြစ်အောင် ဝယ်ဝတ်တတ်တာပါ။ လျှော့ဈေးနဲ့ပစ္စည်းတွေကိုသာ ဝယ်ယူသုံးစွဲတာမိ်ုး လုပ်လေ့လုပ်ထရှိပြီး ခြစ်ခြစ်ကုတ်ကုတ်နဲ့ ပိုက်ဆံစုရင်း ရိုးရိုးစင်းစင်းသာ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။

သူက သီးသန့်အနစ်နာခံကြိုးစားရတာမျိုးမဟုတ်ဘဲ ဝါသနာဗီဇအရကို ပိုက်ဆံစုရတာ၊ ချွေတာရတာ အားသန်တဲ့သူဖြစ်တယ်လို့ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ကာရန် (Karan) က ဆိုပါတယ်။

“ပိုက်ဆံစုရတာက သူ့အတွက် ဂိမ်းအောင်ပွဲတစ်ခုလိုပဲ။ တစ်ရက်တစ်ရက်ကို ပိုက်ဆံမဖြုန်းဘဲ သူဘယ်လောကျစ်လျစ်စေ့စပ်အောင် နေတတ်သလဲဆိုတာ အမြဲဂုဏ်ယူလေ့ရှိတယ်။ သူ့ငွေကြေးပိုင်ဆိုင်မှုကို တကယ်သိတဲ့သူက ကျွန်တော်အပါအဝင် ရင်းနှီးသူအနည်းငယ်လောက်သာရှိပါတယ်။ သူ့မှာကင်ဆာရောဂါဖြစ်ပွားနေပြီလို့ သိရှိခဲ့ချိန်စပြီး အခုလို လှူဒါန်းထားရစ်ခဲ့ဖို့ သူကိုယ်တိုင်စီစဉ်ခဲ့တာပါပဲ” လို့ ကာရန်က ပြောပြသွားခဲ့ပါတယ်။

နေမန်ရဲ့ လုပ်ရပ်ဟာ တန်ဖိုးထားစရာဖြစ်ခဲ့သလို ချို့ငဲ့လိုအပ်နေသူတွေအတွက် အသက်ရှူပေါက်ကို ပွင့်စေခဲ့တာကြောင့် လူမှုပတ်ဝန်းကျင်ကို အကျိုးဖြစ်စေပြီး အသေလှခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

Ref: CNN ” A frugal social worker left $11 million to children’s charities in his will “

Comments are closed.