အရှင်မေဃဇေယျဘွဲ့အမည်ဖြင့် သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်

အရှင်မေဃဇေယျဘွဲ့အမည်ဖြင့် သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်

မူးယစ်ဆေးဝါးအမူကြောင့် ထောင်ဒဏ် (၁၇) နှစ်တိတိချခံရပြီး အကျဉ်းထောင်ထဲကို ရောက်ရှိနေခဲ့ရတဲ့ မိုးအောင်ရင်ကတော့ မေလ (၇) ရက်နေ့မှာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မိုးအောင်ရင်အတွက် အနုပညာရှင် အသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှမများနဲ့ ပရိသတ်တွေများစွာတို့က မိဘများနဲ့ထပ်တူ အရမ်းကို ပျော်ရွှင်မဆုံးဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ပြန်မဆုံနိုင်တော့ဘူးလို့ တွေးထားတဲ့အချိန်မှာ ပြန်လည်လွတ်မြောက်ခွင့်ရလာတဲ့ မိုးအောင်ရင်အတွက် များစွာသော ချစ်ပရိသတ်အပေါင်းတို့က သာသနာ့ဘောင်တွင်းသို့ ဝင်စေချင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုသို့ သာသနာ့ဘောင်ဝင်သို့ ဝင်စေချင်ကြတဲ့ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်တစ်ယောက် ယနေ့မနက်ပိုင်းမှာပဲ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်းမှာပဲ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်ရဲ့ ကြည်နူးစရာပုံရိပ် လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မင်းသား မိုးအောင်ရင် ကတော့ ဒီနေ့မနက် ၉နာရီခွဲမှာ ရန်ကင်းမြို့နယ် စစ်ကိုင်းရွှေဟသာင်္စံကျောင်းမှာ အရှင်မေဃဇေယျဘွဲ့အမည်ဖြင့် ရဟန်းသာသနဘောင်ကပြပျော်သလောက်ဝတ်သွားပါပြီပဲ ဖြစ်ပါတယ်။

မျှော်လင့်မထားတဲ့ အိမ်မက်ဆိုးကြီးကနေ လွတ်မြောက်ခွင့်ရလိုက်တဲ့ ဦးအောင်ရင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင်လည်း သားဖြစ်သူ မိုးအောင်ရင် သာသနာ့ဘောင်တွင်း ဝင်ရောက်သွားလို့ မျက်နှာပေါ်မှာ ပီတိအပျော်တွေ ဖုံးလွှမ်းနေခဲ့ရပါပြီနော်။

သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွာပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် ပရိသတ်တွေလည်း ဝမ်းသာကျေနပ်မိမယ်လို့ ထင်ပါတယ်။ ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးအောင်ရင်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.