အမေရယ် မောင်လေးရယ်ကိုခေါ်ပြီး ပျော်ပျော်ပါးပါး အပြင်ထွက်လည်နေတဲ့ မထက်

အမေရယ် မောင်လေးရယ်ကိုခေါ်ပြီး ပျော်ပျော်ပါးပါး အပြင်ထွက်လည်နေတဲ့ မထက်

မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်တစ်ယောက် အမေနဲ့ မောင်ကိုခေါ်ပြီး ပျော်ပျော်ပါးပါး မုန့်တူတူ စားနေကြတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အပြုံးလေးတွေနဲ့ ရင်ခုန်ချင်စရာပုံရိပ်လေး တွေကို အမြဲလိုလိုတင်လေ့ရှိတဲ့ အပျိုကြီးကတော့ ဒီတစ်ခေါက်မှာ မိသားစုနဲ့ ချစ်ခြင်းပုံရိပ်လေးတွေကို ကြည်ကြည်နူးနူးဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

ကျော့ရှင်းတဲ့ ခန္ဓာကိုယ် အလှနဲ့ လှပလွန်းတဲ့ သူမရဲ့မျက်နှာလေးက တကယ့်ကို Perfect ပါပဲ။ သီချင်း MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး သူမရဲ့ Professional အပြင် အနုပညာ အလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်တတ်ပါသေးတယ်။ ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပြီး အမျိုးသမီးဆန်တဲ့ ပုံစံတွေကြောင့် ပုရိသတွေကလည်း အပြည့်အဝဝန်းရံလို့နေပါတယ်။ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းရိုက်ကူးထားပြီး သူမကိုအားပေး ချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။

သူမတို့ရဲ့ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို ” သဲလေး မေမေရယ် သဲလေး မောင်လေးရယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးက အမေ့ဆီက အမွေရထားတယ်ဆိုတာ ပုံရိပ်ကြည့်တာနဲ့ သိသာထင်ရှားလွန်းတဲ့ အမေတူသမီး အချောလေးပါပဲ။ မောင်ဖြစ်သူနဲ့လည်း အတူတူဓာတ်ဖမ်းထားပြီး ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးက ချစ်စရာကောင်းလွန်း နေပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – Ma Htet

Comments are closed.