ကိုးကွယ်​တဲ့ ဘာသာချင်းမတူ​ပေမယ့်​ နားလည်​မှုအပြည့်​ရှိကြတဲ့ Ah Boyနဲ့ မြတ်​ရတနာ​ကျော်

ကိုးကွယ်​တဲ့ ဘာသာချင်းမတူ​ပေမယ့်​ နားလည်​မှုအပြည့်​ရှိကြတဲ့ Ah Boyနဲ့ မြတ်​ရတနာ​ကျော်

တစ်​ဦးနဲ့တစ်​ဦး အရမ်းချစ်​ကြတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ Ah boy တို့ရဲ့မိသားစုလေးထဲကိုတော့ မကြာသေးခင်ကမှ ဆည်းလည်းလေးတစ်ခု ဝင်ရောက်လာပြီဖြစ်တာကြောင့်လည်း သူတို့ရဲ့ မိသားစုဘဝလေးက ပိုပြီးပျော်ရွှင်​လာရတာပါ။ လတ်​တ​လောမှာ​တော့ Ah Boy က သူတို့ဇနီး​မောင်​နှံနှစ်​ဦးက ဘာသာမတူ​ပေမယ့်​လည်း နားလည်​မှု​တွေများစွာနဲ့ ​ရှေ့ဆက်​​နေကြတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ တင်​ထားတာ တွေ့ရပါတယ်။

ချစ်​ပရိသတ်​​တွေအတွက်​ ကိုးကွယ်​တဲ့ ဘာသာချင်းမတူ​ပေမယ့်​ နားလည်​မှုအပြည့်​ရှိတဲ့ အိမ်​​ထောင်​​ရေးကို ပိုင်​ဆိုင်​ထားတဲ့ Ah Boyနဲ့ မြတ်​ရတနာ​ကျော်​တို့မိသားစု​​လေးရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ကြည်​နူးဖို့​ကောင်းတဲ့ မိသားစု​လေး…

Ah boy က​တော့ “ကျနော်တို့ နှစ်ယောက်က ကိုးကွယ်တဲ့ ဘာသာမတူကြဘူး။ ဒါပေမယ့် ကျနော် ဘုန်းကြီးဆွမ်းကပ်တာတို့၊ ဘုရားသွားတာတို့ဆိုရင် သူလိုက်ပေးသလို… သူ ဘုရားကျောင်းသွားရင်လည်း ကျနော် လိုက်စောင့်ပေးတယ်။ သမီးလေး Scarlett ကတော့ ကျနော်တို့ နှစ်ယောက်ဘယ်သွားသွားလိုက်တယ်။ ♥️👨‍👩‍👧” ဆိုပြီး သမီး​လေး သူတို့မိသားစု​လေးရဲ့ချစ်စဖွယ်​​ပုံ​လေး​တွေကို ​ဝေမျှ​ပေးထားတာပါ။

Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ အလှူတွေလည်း မကြာခဏလုပ်လေ့ရှိပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Kyaw Phyo Tun’s Facebook

Comments are closed.