အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်များ ကူညီစောင့်ရှောက်ခြင်း ခံရတဲ့ သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်း

အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်များ ကူညီစောင့်ရှောက်ခြင်း ခံရတဲ့ သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်း

သမ္ဗုဒ္ဓေဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်း လစ်ပြေးပါတယ် ၊ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေလိုက် ဆိုပြနိုင်ပေမယ် သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ ၊

ပြေးတဲ့နောက်က လိုက်ရွတ်၊ သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့ တစ်ထောင် မက ရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေ ထက်တောင်ဘုန်းကြီးလာ နိုင်ပီး စိတ်ကတောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော် ဟာနေမင်းကြီးနဲ့ တူပါတယ်၊သဲစုမကဘုရားတွေ ရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

  • (၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

  • (၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

  • (၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

Credit:Ko Nay Zaw

Comments are closed.