မဖဲဝါဆို ကြောက်လွန်းလို့ နာမည်တောင်သိပ်မပြောရဲဘူးဆိုတဲ့ ပက်ထရစ်ရှာ

မဖဲဝါဆို ကြောက်လွန်းလို့ နာမည်တောင်သိပ်မပြောရဲဘူးဆိုတဲ့ ပက်ထရစ်ရှာ

ခပ်မိုက်မိုက် မျက်နှာထားနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ရလာတဲ့ မော်ဒယ်သရုပ်ဆောင် ပက်ထရစ်ရှာကိုတော့ တော်တော်များများ သိကြမယ် ထင်ပါတယ်။ အနောက်တိုင်း မျက်နှာပေါက်နဲ့ တမူထူးခြားနေတဲ့ ပက်ထရစ်ရှာကတော့ လက်ရှိမှာတော့ ထိုင်းနဲ့ ပူးပေါင်းပြီး ရိုက်ကူးမယ့် မဖဲဝါဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မဖဲဝါဆိုတဲ့ သရဲကားမှာ ပါဝင်သရုပ်ဆောင်ထားသော်လည်း ပက်ထရစ်ရှာက မဖဲဝါဆိုရင် နာမည်တောင် မခေါ်ရဲဘူးလို့ ပြောကြားသွားခဲ့ပြီး ရုပ်ရှင်ကားအကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

မဖဲဝါ ရုပ်ရှင်ကားမှာ ပါဝင်ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး “နာမည်ကြားတာနဲ့တင် ကြောက်ဖို့ကောင်းတယ်။ ဒီဇာတ်ညွှန်းဖတ်နေတဲ့ အချိန်မှာ ညဖက်မဖတ်ရဲဘူး။ ကြောက်လို့ နာမည်ကလည်း စီးတယ်ဆိုတော့လေ။ နောက်ပြီးတော့ အခုက ထိုင်းနဲ့ ပူးပေါင်းပြီးတော့ ရိုက်တာဖြစ်တယ်။ ဒါရိုက်တာကလည်း ထိုင်းဒါရိုက်တာပါ။ တခြားနိုင်ငံတွေမှာလည်း ရုံတင်မယ့်ကား ဖြစ်တာကြောင့် ညီမက လက်ခံရိုက်ကူးခဲ့တာပါ”

ကိုယ်ဒီကားထဲပါအောင် ဘယ်အချက်တွေက ဆွဲဆောင်စေခဲ့တာလဲဆိုတဲ့ အပေါ်မှာတော့ “ဘယ်အချက်တွေလည်းဆိုတော့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ရိုက်ကူးတယ်။ တခြားနိုင်ငံက အနုပညာရှင်တွေရောပါတယ်။ ပြီးတော့ သူများနိုင်ငံမှာ ရုံတင်မှာ ဖြစ်တာကြောင့် ဒီကားလေးကို လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်”

မဖဲဝါနဲ့ ပတ်သက်ပြီး ဘယ်လိုသိထားလဲဆိုတဲ့ အပေါ်မှာတော့ “သရဲကားတွေကို ကြိုက်ပါတယ်။ ဒါပေမယ့်လည်း သရဲလည်း ကြောက်တယ်။ သူ့နာမည်ကိုကျတော့ ဘယ်လိုသိထားလဲဆိုတော့ ညတွေမှာ သူ့နာမည်မခေါ်ရဘူး။ သူကလာတတ်တယ်။ အားလုံးထဲမှာ သူက အကြီးဆုံးပေါ့။ အဲ့လိုမျိုးတော့ သိထားပါတယ်။ ဒါပေမယ့်ကြောက်လို့ သူ့နာမည်ကိုတော့ သိပ်မပြောဘူး”

ပက်ထရသစ်ရှာကို ဒီဇာတ်ကားထဲမှာ ထိုင်းပုံစံနဲ့ တွေ့ရမှာလားဆိုတဲ့ အပေါ်မှာတော့ “ထိုင်းမဟုတ်ဘူး မြန်မာပါ။ ဇာတ်ကားထဲမှာ ညီမချစ်သူက ထိုင်း။ ထိုင်းဆိုတော့ ထိုင်းလိုပြောရတယ်။ အရမ်းခက်တယ်။ ဒီကားထဲမှာ အခက်ဆုံး အပိုင်းဆိုရင်တော့ ထိုင်းဒိုင်ယာလော့ခ်တွေကိုပါ သင်ရပါတယ်။ အဲ့ဒါကတော့ တော်တော်တာဝန်ကြီးပါတယ်။ လွဲသွားမှာလည်း စိုးတယ်လေ။ ပြီးတော့ ဒီစကားတွေကို နားလည်ထားမှလည်း ရမှာလေ။ သေချာဖြစ်အောင်တော့ သင်ယူနေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.