ဆယ်ကျော်သက်မလေးလို ချစ်စရာကောင်းအောင် ပြင်ဆင်ပြီး ပွဲတက်ခဲ့တဲ့ နေခြည်ဦးရဲ့ ပုံရိပ်

ဆယ်ကျော်သက်မလေးလို ချစ်စရာကောင်းအောင် ပြင်ဆင်ပြီး ပွဲတက်ခဲ့တဲ့ နေခြည်ဦးရဲ့ ပုံရိပ်

အမြဲလိုလို တက်ကြွလန်းဆန်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ နေခြည်ဦးက ဆိုရှယ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားအခံရဆုံးသူ တစ်ဦးဖြစ်ပါတယ်။ Beauty Blogger ဘဝကနေ တစ်စထက်တစ်စ အောင်မြင်လာပြီးတဲ့နောက် ဒိတ်ဒိတ်ကြဲ ဝါရင့်မင်းသား မင်းသမီးတွေနဲ့ အပြိုင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ သရုပ်ဆောင်ကောင်းမွန်မှုနဲ့ အာရုံစူးစိုက်တတ်တဲ့အကျင့်ကြောင့် အနုပညာလောကမှာလဲ နေရာတစ်နေရာ ရရှိနေပြီပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော သူမကို ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလဲ အမြဲတစေ တက်ရောက်ပေးနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမက နေခြည်က ရာသီဥတု၊ ပွဲအခမ်းအနားတွေနဲ့ လိုက်ရောညီထွေ ဖြစ်တဲ့ အဝတ်အစားတွေကို ခေတ်မီလှပစွာ ဝတ်ဆင်တတ်သူတစ်ယောက် ဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ ပွဲတက်ဖက်ရှင်တွေကို အမြဲတမ်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။

နေခြည်ဦးက မနေ့က မတ်လ(၁၂) ရက်နေ့မှာတော့ L’Oréal Paris ရဲ့ Rouge Signature matte lip ink launching event ပွဲကို တက်ရောက်ခဲ့ပါတယ်။ ထိုပွဲကို တက်ရောက်လာတဲ့ နေခြည်ရဲ့ ဖက်ရှင်က သူမကို တစ်မျိုးတစ်ဖုံ လှနေစေပြီး သူမရဲ့ လူငယ်ဆန်တဲ့ စရိုက်ကိုလဲ အထင်းသားမြင်တွေ့စေရပါတယ်။

နေခြည်ဦးက လက်ရှိမှာတော့ ပွဲအခမ်းအနားများစွာကို တက်ရောင်ရင်း နေတိုးနဲ့အတူတူ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောအနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာကိုလဲ တွေ့ရှိရပါတယ်။

နေခြည်ကတော့ တစ်နေ့တစ်ခြား ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေကို လုပ်ကိုင်ရင်း အောင်မြင်မှုတွေကို ရရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ နေခြည်ဦးရဲ့လူငယ်ဆန်ဆန် မိုက်နေတဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.