အုပ္စိုးခန္႔အတြက္ ဂုဏ္ျပဳစကားေျ ပာေပးလိုက္တဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္း

အုပ္စိုးခန္႔အတြက္ ဂုဏ္ျပဳစကားေျ ပာေပးလိုက္တဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္း

သ႐ုပ္ေဆာင္ ယြန္းယြန္းက အုပ္စိုးခန႔္ရဲ႕ တစ္ကိုယ္ေတာ္ ေတးစီးရီးအတြက္ ဂုဏ္ျပဳစကားေျပာခဲ့ပါတယ္. အ႐ြယ္ေရာက္လာတာနဲ႔ အမွ် လွပတဲ့ အသားအေရ ေလးေတြ ပိုင္ဆိုင္လာရတဲ့ အေၾကာင္းကိုလည္း အခုလိုေျပာျပလာပါတယ္ မၾကာခင္ တစ္ကိုယ္ေတာ္အေခြ ထြက္ရွိလာေတာ့မယ့္ အုပ္စိုးခန႔္ အတြက္ သ႐ုပ္ေဆာင္ ယြန္းယြန္းက ဂုဏ္ျပဳ အမွတ္တရ စကားေျပာျပလာပါတယ္. ယြန္း ယြန္း နဲ႔ အုပ္စိုးခန႔္တို႔ဟာ မၾကာခဏ ဆိုသလို အႏုပညာအလုပ္ေတြ လုပ္လုပ္ေနတာျဖစ္တဲ့အတြက္ ေအာင္ျမင္ေစဖို႔ မီဒီယာေတြကေနတဆင့္ ဆုေတာင္း ေပးခဲ့ပါတယ္

” လူငယ္ေတြ အခုလို ငယ္ငယ္ေလးမွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ဘဝမွာ မွတ္တိုင္ေတြ လုပ္ႏိုင္တာ ညီမ အရမ္းဝမ္းသာပါတယ္. အမ်ားႀကီးလည္း ေအာင္ျမင္ပါေစ လို႔ ညီမ ဆုေတာင္းေပးပါတယ္. ညီမကို ခ်စ္ခင္ေပးၾကတဲ့ ပရိသတ္ေတြ ကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္. ပရိသတ္ေတြ ဆိုေပမယ့္လည္း ညီမအတြက္ ကေတာ့ မိသားစုလိုပါပဲ” လို႔ သူကဆိုပါတယ္

ကေလးသ႐ုပ္ေဆာင္အ႐ြယ္ကတည္းက ပရိသတ္အားေပးမႈမ်ားစြာရရွိထားတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီယြန္းယြန္းဟာ အ႐ြယ္ေရာက္လာၿပီး တဲ့ေနာက္ ပိုၿပီးလွလာတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ ပရိသတ္ေတြကလည္း ငယ္ငယ္တုန္းကထက္ ပိုၿပီး ခ်စ္ခင္အားေပးလာတာျဖစ္ပါတယ္။ အရင္ထက္ပိုၿပီးလွပေနတဲ့ သူ႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကိုလည္း ေျပာျပခဲ့ပါတယ္။

အ႐ြယ္ေျပာင္းသြားလို႔လည္း အျမင္ေျပာင္းသြားတာျဖစ္မွာပါ။ ကိုယ့္ကိုယ္ကို လွဖို႔လည္း ဘာမွမလုပ္ျဖစ္ဘူး Gym လည္းမသြားျဖစ္ဘူး။အစားဆိုရင္လည္း စားခ်င္တာရွိရင္ စားလိုက္တယ္။ Skin Care ေတြကိုလည္း အခ်ိန္အမ်ားႀကီးေပးၿပီးေတာ့ လုပ္ရမွာပ်င္းေတာ့ ေနခ်င္သလို ေနတဲ့ ကေလးထဲမွာ ပါတယ္” လို႔ ဆိုပါတယ္။ယြန္းယြန္းကေတာ့ သူ႔ကိုဝန္းရံေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္တယ္လို႔ ဆိုပါတယ္။ ပရိသတ္ခ်စ္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ ဒီအခ်စ္ေတြအေပၚ အခြင့္အေရးမယူဘူးလို႔လည္း သူကဆိုပါတယ္။

ဝန္းရံေပးၾကတဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးတင္ပါတယ္၊ သမီးဒီ့ထက္ပိုၿပီးေတာ့ လိမ္လိမ္မာမာေနပါ့မယ္၊ လိမ္လိမ္ မာမာေနတယ္ဆိုတာကလည္း ပရိသတ္ေတြက သူတို႔ခ်စ္တဲ့အႏုပညာရွင္ေတြဆိုရင္ ဘယ္လိုပဲျမင္ျမင္ခ်စ္ေနၾကတာပဲေလ။ ငါဘယ္လိုေနေန ခ်စ္ေနၾကတာပဲ ဆိုၿပီးေတာ့လည္း အခြင့္ေကာင္းမယူသင့္ဘူးလို႔ထင္တယ္” လို႔ေျပာပါတယ္။

ယြန္းယြန္းက အခုလက္ရွိမွာ အသက္ ၁၈ ႏွစ္ေက်ာ္ခဲ့ပါၿပီ။ အဲ့ဒီေနာက္ ကြၽန္မႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားနဲ႔လည္း ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီဆုကို ရရွိခဲ့ၿပီးပါၿပီ။ အခုခ်ိန္မွာေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးတာေၾကာင့္ သူနဲ႔ လိုက္ဖက္တဲ့ ကာ႐ိုက္တာကိုပဲ ေ႐ြးခ်ယ္ ႐ိုက္ကူးသြားမယ္လု႔ိ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။Credit-Cele Yatkwat

Unicode ျဖင့္ဖတ္ရန္

သရုပ်ဆောင် ယွန်းယွန်းက အုပ်စိုးခန့်ရဲ့ တစ်ကိုယ်တော် တေးစီးရီးအတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်. အရွယ်ရောက်လာတာနဲ့ အမျှ လှပတဲ့ အသားအရေ လေးတွေ ပိုင်ဆိုင်လာရတဲ့ အကြောင်းကိုလည်း အခုလိုပြောပြလာပါတယ် မကြာခင် တစ်ကိုယ်တော်အခွေ ထွက်ရှိလာတော့မယ့် အုပ်စိုးခန့် အတွက် သရုပ်ဆောင် ယွန်းယွန်းက ဂုဏ်ပြု အမှတ်တရ စကားပြောပြလာပါတယ်. ယွန်း ယွန်း နဲ့ အုပ်စိုးခန့်တို့ဟာ မကြာခဏ ဆိုသလို အနုပညာအလုပ်တွေ လုပ်လုပ်နေတာဖြစ်တဲ့အတွက် အောင်မြင်စေဖို့ မီဒီယာတွေကနေတဆင့် ဆုတောင်း ပေးခဲ့ပါတယ်

” လူငယ်တွေ အခုလို ငယ်ငယ်လေးမှာ အောင်အောင်မြင်မြင်နဲ့ ဘဝမှာ မှတ်တိုင်တွေ လုပ်နိုင်တာ ညီမ အရမ်းဝမ်းသာပါတယ်. အများကြီးလည်း အောင်မြင်ပါစေ လို့ ညီမ ဆုတောင်းပေးပါတယ်. ညီမကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်. ပရိသတ်တွေ ဆိုပေမယ့်လည်း ညီမအတွက် ကတော့ မိသားစုလိုပါပဲ” လို့ သူကဆိုပါတယ်

ကလေးသရုပ်ဆောင်အရွယ်ကတည်းက ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီယွန်းယွန်းဟာ အရွယ်ရောက်လာပြီး တဲ့နောက် ပိုပြီးလှလာတာကို တွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ငယ်ငယ်တုန်းကထက် ပိုပြီး ချစ်ခင်အားပေးလာတာဖြစ်ပါတယ်။ အရင်ထက်ပိုပြီးလှပနေတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း ပြောပြခဲ့ပါတယ်။

အရွယ်ပြောင်းသွားလို့လည်း အမြင်ပြောင်းသွားတာဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို လှဖို့လည်း ဘာမှမလုပ်ဖြစ်ဘူး Gym လည်းမသွားဖြစ်ဘူး။အစားဆိုရင်လည်း စားချင်တာရှိရင် စားလိုက်တယ်။ Skin Care တွေကိုလည်း အချိန်အများကြီးပေးပြီးတော့ လုပ်ရမှာပျင်းတော့ နေချင်သလို နေတဲ့ ကလေးထဲမှာ ပါတယ်” လို့ ဆိုပါတယ်။ယွန်းယွန်းကတော့ သူ့ကိုဝန်းရံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ဒီအချစ်တွေအပေါ် အခွင့်အရေးမယူဘူးလို့လည်းသူကဆိုပါတယ်။

ဝန်းရံပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ သမီးဒီ့ထက်ပိုပြီးတော့ လိမ်လိမ်မာမာနေပါ့မယ်၊ လိမ်လိမ် မာမာနေတယ်ဆိုတာကလည်း ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေဆိုရင် ဘယ်လိုပဲမြင်မြင်ချစ်နေကြတာပဲလေ။ ငါဘယ်လိုနေနေ ချစ်နေကြတာပဲ ဆိုပြီးတော့လည်း အခွင့်ကောင်းမယူသင့်ဘူးလို့ထင်တယ်” လို့ပြောပါတယ်။

ယွန်းယွန်းက အခုလက်ရှိမှာ အသက် ၁၈ နှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီနောက် ကျွန်မနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့လည်း ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ ဆယ်ကျော်သက်အရွယ်သာရှိသေးတာကြောင့် သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာကိုပဲ ရွေးချယ် ရိုက်ကူးသွားမယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Comments are closed.