အိမ်တိုင်ရာအရောက် လိုအပ်တာတွေ သွားလှူခဲ့တဲ့ ခိုင်နှင်းဝေကြောင့် မျက်ရည်မခိုင်ဖြစ်ခဲ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင် နွယ်နီ

အိမ်တိုင်ရာအရောက် လိုအပ်တာတွေ သွားလှူခဲ့တဲ့ ခိုင်နှင်းဝေကြောင့် မျက်ရည်မခိုင်ဖြစ်ခဲ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင် နွယ်နီ

အလှူအတန်း ရက်ရောပြီး စိတ်ထားကောင်းလွန်းတာမို့ ပရိသတ်တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ လိုအပ်တဲ့နေရာတွေကို အမြဲနားဆွင့်ပြီး စိတ်ရောကိုယ်ပါနှစ်ပြီး လှူဒါန်းလေ့ရှိသူတစ်​ဦးပါ။ လတ်တလောမှာတော့ ခိုင်​နှင်း​ဝေက ကင်ဆာရောဂါကြောင့် ဇာတ်ပို့သရုပ်ဆောင်အလုပ်က နားထားရတဲ့ မနွယ်နီကို အိမ်တိုင်ရာအရောက် လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အသေးစိတ်ကအစ သေသေချာချာ ပြင်ဆင်လာတဲ့ ခိုင်နှင်းဝေရဲ့surprise ကြောင့် မနွယ်နီတစ်ယောက် မျက်ရည်မခိုင်ဖြစ်ခဲ့ရပြီး ပရိသတ်တွေကလည်း ရင်ထဲနင့်အောင် ခံစားခဲ့ကြရတာပါ။

ချစ်ပရိသတ်တွေအတွက် ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ ဟိုတစ်နေ့ညက သတင်း Page တစ်ခုမှာ ဇာတ်ပို့ အလွှာမှ သရုပ်ဆောင် မနွယ်နီ သတင်းလေးကိုကြည့်ပြီး အနုပညာ သမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့မနက်မှာ ….သူ့အခက်အခဲ ….သူ့ကျန်းမာရေး ….သူ့ သားသမီးလေးတွေရဲ့ဘဝအားလုံး အတွက် စဉ်းစားပြီး ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် 6သိန်း အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူ တို့အပြင် မနေ့က တရက် ထည်းနဲ့ လွယ်လွယ် ကူကူ ဈေးရောင်းနိုင်ဖို့တွက် လှည်း၊ လိုအပ်တဲ့ အိမ်ထောင်သုံးစားစရာ၊ ကလေးလေးတွက် မုန့်၊ အရုပ် တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်🙏🙏🙏

ကျွန်မကိုမြင်တော့ ဝမ်းသာလွန်းပြီး မျက်ရည်ကျတာမြင်တော့ ကျွန်မလည်း ပင်ပန်းတာတွေ ပျောက်တဲ့ထိ ကြည်နူးပီတိဖြစ်မိပါတယ် …ယခု အလှူ တွေ ပါဝင်လှူဒါန်းပေးခဲ့သော USA မှ နှင့် Mother’s Choice ၊သတင်းလိုက်လံရိုက်ကူးပေးသော မီဒီယာ အဖွဲ့သားများ ကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် 🙏🙏🙏 ကျွန်မခုလိုရပ်တည်နိုင်တာ အလှူရှင်များ နှင့် မီဒီယာများ မရှိရင်လည်းမဖြစ်တာမို့ အားလုံး ကိုဒီနေရာကနေ ကျေးဇူး အများကြီး တင်ရှိပါကြောင်း ပြောကြားချင်ပါတယ်ရှင် 😊😊😊😊” ဆိုပြီး သူမရဲ့အလှူကို ကြည်နူးစွာ တင်ထားတာပါ။

ပရဟိတမင်းသမီးကြီး ခိုင်​နှင်း​ဝေက​တော့ လိုအပ်တဲ့နေရာမှာ အလှူတွေ လုပ်နေတဲ့အပြင် မိဘမဲ့က​လေး​တွေကိုလည်း မိခင်​အမည်​ခံပြီး ​မွေးစားထားတာ က​လေး (၁၂​) ​ယောက်​ရဲ့ မိခင်​ဖြစ်​လို့​နေပါပြီ။ မွန်​မြတ်​တဲ့ ​မေတ္တာတရား​တွေ ပြည့်​နှက်​​နေတဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတလုပ်​ငန်း​တွေအတွက်​ “ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း”ကို တည်​​ထောင်​ထားတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း ချစ်စရါစိတ်ဓါတ်ပိုင်​ရှင်​​​​​လေး ခိုင်​နှင်း​ဝေရဲ့ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Khine Hnin Wai’s Facebook

Comments are closed.