လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်အသေးစိတ်ကို ပြန်ပြောပြတဲ့ ခင်လေးနွယ်

လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်အသေးစိတ်ကို ပြန်ပြောပြတဲ့ ခင်လေးနွယ်

မေလ (၁၂) ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ် တစ်စင်းဟာ တံတားဦးလေဆိပ်ကို ဆင်းသက်ရာမှာ ရှေ့ဘီး ထုတ်မရတာကြောင့် ဆီဖောက်ချပြီး နှုတ်သီးနဲ့ ဆင်းခဲ့ရပါတယ်။ ကပ္ပတိန် ကိုမြတ်မိုးအောင်ရဲ့ စွမ်းရည်ပြည့်ဝမှုကြောင့် လေယာဉ် တစ်စင်းလုံးကို အချိန်မီ ကယ်တင်လိုက်နိုင်ပါတယ်။လေယာဉ်ပျက်ကျလို့ အသက်အန္တရာယ် ကြုံခဲ့ရသူတွေထဲမှာ နေမင်း ၊စည်သူမောင် ၊ ခင်လေးနွယ် နဲ့ ယုသန္တာတင်တို့လည်း ပါဝင်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခင်လေးနွယ်က ခုလို ပြောပြသွားပါတယ်။

“ပွဲကိုတစ်ခါတည်း တန်းလာဖို့ သေချာပြင်ဆင်ပြီးမှ လေယာဉ်နဲ့ လာတာ။ ဒါပေမဲ့ ဒီနေ့ဖြစ်သွားတာက (၈) နာရီဆိုရင် လေယာဉ်ဆင်းရတာမှာပေါ့။ လေယာဉ်မယ်တွေက ထိုင်ခုံတွေ စားပွဲတွေ သိမ်းဖို့ အကုန်လုံး ပြောပြီးသွားပြီ။ လေယာဉ်က တစ်ပတ်ပတ်တယ်။ နောက်တစ်ပတ် ထပ်ပတ်တယ်ဆိုတော့ ရာသီဥတု အခြေအနေ မကောင်းလို့ ဖြစ်မယ်ပေါ့။ ကြားဖူးတာက အရမ်းပူရင် ဆင်းရခက်တယ် ဆိုတော့လေ။ ခါတာတွေ ဘာတွေ သိပ်မရှိတော့ အရမ်းကြီးတော့ မကြောက်ဘူး။ တစ်ခြားနေရာမှာ ဆင်းမယ်လို့ ထင်နေချိန်မှာ လေယာဉ်မယ်တွေက အရေးပေါ် အခြေအနေ ကြေညာဖို့ ရှိတယ်။ ဘီးချလို့ မရဘူးဆိုတော့ ဟာ…ဆိုပြီး ဘယ်သူမှ ကယ်လို့ မရတော့ဘူးလို့ ထင်ထားတာ။အရေးပေါ် ဆင်းသက်တာကို တစ်ခါမှ မကြုံဘူးဆိုတော့ စိတ်ပူတာပေါ့နော်။ အဲ့တော့ ငါက အသက်ရှင်ချင်မှ ရှင်မယ်။ အဆုံးထိ စဉ်းစားထားတာက သေမယ်ပေါ့နော်။ အဲ့တော့ ဘုရားရှိခိုးပြီး ဘုရားစာရွတ်တယ်။ အမတို့ လေယာဉ်ပေါ်မှာ အကုန်လုံးက တည်တည်ငြိမ်ငြိမ်လေးပဲ။” လို့ ဆိုပါတယ်။

ဘုရားသခင်နဲ့ လေယာဉ်မှူးကို ကျေးဇူးတင်ကြောင်းလည်း ခင်လေးနွယ်က ခုလို ပြောပြသွားပါတယ်။

“(၃) မိနစ်နေရင် အောက်ရောက်တော့မယ် ဆိုတဲ့အချိန်မှာ အရေးပေါ် အခြေအနေတွေကို လေယာဉ်မယ်တွေက လိုက်ပြတယ်။ သူတို့စကားကို သေချာနားထောင်မှ ရတော့မှာဆိုတော့ ဆင်းဖို့ (၁) မိနစ် အလိုမှာ အကုန်လုံးက ရယ်ဒီဖြစ်နေပြီ။ တကယ်ဆင်းတဲ့အချိန်မှာ လေယာဉ်က ဆင်းပြီတောင် မထင်ရဘူး။ ညင်ညင်သာသာလေးပဲ။ အကုန်လုံးက ပျော်ပြီး လက်ခုပ်တီးကြတာ။ အားလုံးဆင်းတဲ့အချိန်မှာတော့ ညှော်နံ့ ထွက်လာတယ်။ အဲ့မှာတင် အကုန်လုံးက ကြောက်ပြီး အရေးပေါ်ထွက်ပေါက်ကနေ ကမန်းကတန်း ဆင်းကြတာ။ လူကြီးတွေ နည်းနည်းများတော့ ထိခိုက်ဒဏ်ရာ နည်းနည်း ရတဲ့သူ ရှိတယ်။ ကျန်တာ အကုန်အဆင်ပြေတယ်။ ဘုရားကို ပထမဆုံး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ လေယာဉ်မှူးကို ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.