ပရိသတ်တွေပေးတဲ့ ပြည်သူ့အကယ်ဒမီဆုချီးမြှင့် ခြင်း ခံခဲ့ရတဲ့ ခီ နဲ့ မီ စုံတွဲ

ပရိသတ်တွေပေးတဲ့ ပြည်သူ့အကယ်ဒမီဆုချီးမြှင့် ခြင်း ခံခဲ့ရတဲ့ ခီ နဲ့ မီ စုံတွဲ

ပရိသတ်တွေ တစ်ခဲနက် အားပေးခြင်း ခံထားရတဲ့ သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံ နဲ့ မီ ဇာတ်ကား နဲ့ ပရိသတ်အသိအမှတ် ပြုခံထားရတဲ့ ဒါရိုက်တာ ဏကြီး နဲံ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု တို့ ဇနီးမောင် တို့ ကို ပရိသတ်တွေ က ပေးတဲ့ ပြည့်သူ့အကယ်ဒမီ ကို မေလ ၁၂ ရက်နေ့ Yangon Innovation Center မှာ ကျင်းပပြီး ဆု ချီးမြင့်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ခီ ဇနီးမောင်နှံ နဲ့ မီ ဇနီးမောင်နှံ တို့ ရဲ့ ဆုချီးမြှင့်ခံခဲ့ရတဲ့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ကို ပရိသတ်တွေ က အကယ်ဒမီဆုမှန်းခဲ့ကြပေမယ့် ဖြစ်မလာခဲ့တာကြောင့် ပရိသတ်တွေ က မခံမရပ်းနိုင် ဖြစ်ခဲ့ရသလို ၊ မီ ရုပ်ရှင်ဇာတ်ကား နဲ့လည်း သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီးတို့ကို ပရိသတ်တွေ က အကယ်ဒမီရလိမ့်မယ် လို့ မျှော်လင့်ထားပေမယ့် ပရိသတ်တွေ ရဲ့ ဆန္ဒမပြည့်ဝခဲ့တာကြောင့် အနုပညာအသိုင်းအ၀ိုင်းကြားမှာ ကြီးမားတဲ့ ဂယက်ကြီးဖြစ်ခဲ့ပါတယ်။ခုတစ်ခါမှာတော့ ခီ မောင်နှံ နဲ့ မီ မောင်နှံ တို့ကို ပရိသတ်တွေ ကပေးတဲ့ ပြည့်သူ့အကယ်ဒမီကို ပေးအပ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ယခင် ၁၉၆၀ လောက်ကလည်း ခုလိုပဲ ပြည်သူ့ အကယ်ဒမီပေးအပ်ခဲ့တာရှိခဲ့ပြီး ခီ နဲ့ မီ ဇနီးမောင်နှံ တွေကတော့ ဒုတိယ အကြိမ်ပေးအပ်ခြင်းခံရတာလို့သိရပါတယ်။

ပြည်သူတွေက ပေးတဲ့ အကယ်ဒမီဆုအတွက် ရရှိတဲ့ ငွေကျပ် ၃,၂၇၅,၀၀၀ ကျပ်ကို ခီမောင်နှံ က ဖောင်ဒေးရှင်း တစ်ခုတည်ထောင် ဖို့အတွက် မတည်ငွေ အဖြစ်သုံးသွားမယ်လို့ သိရပါတယ်။

ဒါရိုက်​တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်​ဖြိုးသုတို့ ဇနီး​မောင်​နှံက​လည်း သူတို့ ရရှိတဲ့ ဆုငွေကို နာမကျန်းဖြစ်​​နေတဲ့ ရုပ်​ရှင်​​လောကက သူ​တွေကို လှုဒါန်းသွားဖို့ စီစဉ်​ထားတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။

ပရိသတ်တွေကပေးအပ်တဲ့ ပြည်သူ့အကယ်ဒမီကို ရရှိသွားတဲ့ ခီမောင်နှံ နဲ့ မီ မောင်နှံ တို့ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;soe thiha naung / Credit – MOMOLAY

Comments are closed.