ကျန်းမာရေးမကောင်းတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို အိမ်အထိသွားပြီး ကန်တော့ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသု

ကျန်းမာရေးမကောင်းတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို အိမ်အထိသွားပြီး ကန်တော့ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသု

ချစ်​ရတဲ့အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာ​ပျော်​ရွင်​တဲ့ အိမ်​​ထောင်​မှုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ စိတ်ထားကောင်းလွန်းလို့လည်း ပရိသတ်တွေရဲ့အချစ်ကို တိုးတိုးပြီး ရနေတာပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ ရရှိခဲ့တဲ့ ချီးမြှင့်ငွေတွေအကုန်လုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဦးမန်းဝင်း၊ ဦးပေါ်လေး၊ ဦးဝင်းနိုင်(အနုပညာ)၊ ဦးဧရာ၊ မကစ်ကစ်နဲ့ မနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ကြည်နူးပီတိဖြစ်စွာ တင်ထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေချီးမြင့်တဲ့ ပြည်သူ့အကယ်ဒမီဆုကို တန်ဖိုးထားပြီး ကျန်းမာရေးမကောင်းတဲ့ ဝါရင့်သရုပ်ဆောင်တွေကို လှူဒါန်းခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်​ဖြိုးသုက​တော့ “၁၂ရက်ညနေက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က သုသုတို့ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ အတူသုသုတို့ရရှိခဲ့တဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း ဘဘဦးပေါ်လေး ဘဘဦးဝင်းနိုင်(အနုပညာ) လေးလေးဦးဧရာ မကြီးကစ်ကစ် မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့ပါတယ်

🙏သုသုတို့ရဲ့ခုနစ်ရက်သားသမီးပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်ရှင့် 🙏🙏🙏တစ်အိမ်တက်ဆင်းသုသုတို့သွားလှူချင်သမျှကို ပါရမီဖြည့်ပြီးလိပ်စာတွေစုံစမ်းပေး အဖော်လိုက်ပေးတဲ့ စေတနာ့ဝန်ထမ်း မကြီးနှိုင်းယှဉ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် 😍” ဆိုပြီး သူမတို့ ဇနီးမောင်နှံရဲ့အလှူကို ကြည်နူး​စွာ ​ရေးသားထားတာပါ။

ပရိသတ်တွေ စိတ်မကောင်ဖြစ်နေကြတဲ့ ကင်ဆာရောဂါ အဆင့် (၃) ခံစားနေရတဲ့ မနွယ်နီကိုလည်း သွားရောက်တွေ့ဆုံပြီး လိုအပ်တာလေးတွေ လှူဒါန်းခဲ့ပါသေးတယ်။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လ (၂၁) ရက်နေ့က စေ့စပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလ ၁ရက်​​နေ့မှာ ​မင်္ဂလာပွဲ ကျင်းပြုလုပ်​​ခဲ့တာပါ။ လတ်တလောမှာတော့ သူတို့ဇနီးမောင်နှံနှစ်ဦးက အနုပညာအလုပ်တွေ ကိုယ်စီလုပ်ရင်း သာယာတဲ့ ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း မွန်မြတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုဇနီး​မောင်​နှံ နှစ်​ဦးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Paing Phyoe Thu’s Facebook | Credit : Momolay

Comments are closed.