လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “ဒဿ” သီချင်း Cover MV

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “ဒဿ” သီချင်း Cover MV

အဆိုတော် NJ သီဆိုထားတဲ့ “ဒဿ” ဆိုတဲ့ သီချင်းက လွန်ခဲ့တဲ့ နှစ်ကတည်းက ပရိသတ်တွေ တော်တော်များများကြိုက်နှစ်သက်ရတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ “ဒဿ” သီချင်းက ရာမယနဇာတ်တော်ကြီးမှ အကြောင်းအရာတွေအတိုင်း သီချင်းအဖြစ် ပြန်လည်သီဆိုထားတာဖြစ်ပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးအကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။ ထိုသီချင်းလေးက Tik Tok အသုံးပြုသူတွေအထိ ပျံ့နှံ့သွားပြီး တော်တော်လေး ပေါက်သွားတာ ဖြစ်ပါတယ်။

“ဒဿ” သီချင်းကတော်တော်လေး ပေါက်သွားခဲ့ပေမယ့် Offical MV ကတော့ ဒီနေ့ဒီအချိန်ထိ မထွက်ရှိသေးပါဘူး ဒါပေမယ့် “ဒဿ” သီချင်းလေးကို ကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေက ထိုသီချင်းလေးအတွက် Cover MV လေးကို သေသေချာချာလေး ပြင်ဆင်ပြီး ရိုက်ကူးထားပါတယ်။

ထို “ဒဿ” သီချင်း Cover MV က ပရိသတ်တွေကြားထဲမှာ တဖန်ပြန်ပြီး နာမည်ကြီးလာခဲ့ပြီး ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့ကြတာကို ဂုဏ်ယူဖွယ် တွေ့ရှိရပါတယ်။ ပရိသတ်တွေအတွက် “ဒဿ” သီချင်း Cover MV လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

NJ – ဒဿ ( MV Cover )

ဒဿအဖြစ်သရုပ်ဆောင်ထားတဲ့ ရဲရင့်ဟိန်း

ဒီသီချင်းလေးမှာ ဝာသနာရှင်တွေ စုစည်းပြီး သေသေချာချာလေး ကြိုးစားသရုပ်ဆောင်ထားကြတာကို တွေ့ရပါတယ်။ ထိုသီချင်းလေးက အစတည်းက ပေါက်ပြီးသားကို အခု MV လေးကလဲ လူကြိုက်တော်တော်လေး များပြားခှပါတယ်။ ပရိသတ်တွေလဲ ဒီသီချင်း MV Cover လေးကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Myat Aung’s fb

Comments are closed.