တော်တော်ကြမ်းပြီး ဆက်ဆီ ကျတဲ့ဇာတ်ရုပ်အတွက် ဝိတ်ချနေတယ်ဆိုတဲ့ နေခြည်ဦး

တော်တော်ကြမ်းပြီး ဆက်ဆီ ကျတဲ့ဇာတ်ရုပ်အတွက် ဝိတ်ချနေတယ်ဆိုတဲ့ နေခြည်ဦး

နေခြည်ဦးဟာ Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်ပီပီပြင်ပြင်ဖြစ်လာပြီး ရုပ်ရှင်တွေရိုက်လာခဲ့တာအချိန်အတန်ကြာပြီဖြစ်ပါတယ်။နေခြည်ဦးက သရုပ်ဆောင်ရာမှာလည်း ပါရမီပါပြီးဝါရင့်သရုပ်ဆောင်တွေကတောင်ချီးကျူးရတဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့တခဲနက်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ချီချီက နောက်ထပ်ရိုက်ရမယ့်ကာရိုက်တာအသစ်အတွက် ပြင်ဆင်နေပုံတွေကိုပြောပြထားပါတယ်။

နေခြည်ဦးက နောက်ထပ်ရိုက်မယ့်ကားထဲက ကာရိုက်တာအကြောင်းကို “နောက်ရိုက်မယ့်ရုပ်ရှင်ထဲမှာ confirm တော့မဖြစ်သေးဘူးပေါ့နော်။ အဲဒီရုပ်ရှင်ထဲမှာကျတော့ နေခြည်က တော်တော်ကြမ်းတဲ့ ကောင်မလေးနေရာကသရုပ်ဆောင်ရမှာ။ အရမ်း ဆက်ဆီ ဖြစ်တယ်။ ဆွဲဆောင်မှုရှိတဲ့ကောင်မလေးဆိုတော့ ဝိတ်ကိုတော်တော်ချနေပါတယ်။ နှစ်လလောက်နေမှရိုက်မှာ။ ဒါပေမယ့်နေခြည် ဒီလကစပြီးတော့ ဝိတ်ကျရုံတင်မဟုတ်ဘူး။ နည်းနည်း muscle တင်တာတွေဘာတွေ လုပ်ဖြစ်တာပေါ့”လို့ ပြောပြထားပါတယ်။

ဝိတ်ကျဖို့အတွက်လုပ်ဖြစ်နေတာတွေကိုလည်းနေခြည်က “လက်ဝှေ့ထိုးတာကတော့လေ ဝိတ်ကျဖို့အတွက် လက်ဝှေ့ထိုးတာအရမ်းကောင်းတဲ့အားကစားတစ်ခုပါ။ ဝိတ်ကျချင်တဲ့သူတွေလက်ဝှေ့ထိုးလို့အဆင်ပြေပါတယ်။ဒါပေမယ့် လက်ဝှေ့ထိုးလိုက်ရင်တစ်ကိုယ်လုံးကကျပြီးတော့အသားတွေပါ ပျော့တွဲလာရော။ လက်ပြတ်ဝတ်ရင် အသားက ဘတ်လပ်ဘတ်လပ်ဖြစ်နေတော့ နေခြည့်မှာ Gym ပြန်ဆော့ရတယ်။ ရေပြန်ကူးရတယ်။ Training ပြန်လုပ်ရတယ်။ဝိတ်ကျချင်တယ်ဆိုရင်တော့ နေခြည်က ပြေးခိုင်းမယ်၊လက်ဝှေ့ထိုးခိုင်းမယ်။ ကြိုးခုန်ခိုင်းမယ်။ ဒီ exercise တွေကတော့ တော်တော်များများဝိတ်ကျစေတယ်ပေါ့နော်” လို့ ပြောပြထားပါသေးတယ်။

နောက်ရိုက်မယ့်ဇာတ်လမ်းလေးကိုကမ်းလှမ်းခံရတဲ့အတွက် အရမ်းဝမ်းသာရတယ်လို့လည်း နေခြည်က “ဒီဇာတ်လမ်းလေးက နည်းနည်း စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးပေါ့နော်။ကောင်လေးနဲ့တွေ့တယ်။စိတ်ကူးထဲမှာတွေ့တယ်။ ကောင်မလေးက အရမ်းကိုဆွဲဆောင်မှုရှိပြီးအရမ်းကို ဆက်ဆီ ဖြစ်တယ်။အရမ်းမိုက်တယ်။ အဲ့လိုမျိုးကာရိုက်တာမျိုးနေခြည်လည်းအရမ်း ဝတ္ထုလေးဖတ်ပြီးကတည်းက သရုပ်ဆောင်ချင်တာ။ နေခြည့်ကိုလာကမ်းလှမ်းတော့အရမ်းဝမ်းသာတယ်”လို့ရင်ဖွင့်ထားပါသေးတယ်။

အဲဒီဇာတ်လမ်းအတွက်ကာရိုက်တာတည်ဆောက်ရပုံကိုတော့ နေခြည်က “စိတ်ထဲမှာကိုယ်စိတ်ကူးထားတဲ့ကောင်မလေးက ဘယ်သူကဆွဲဆောင်မှုပိုရှိလဲ။ မျက်ခုံးမွှေးထူထူလေးက ဆွဲဆောင်မှုပိုရှိလား။ ဆံပင်ရှည်ရှည်လေးလား။ ပိန်ပိန်ပါးပါးလေးလား။နေခြည့်အနေနဲ့ကာရိုက်တာကိုပုံဖော်နေတာဖြစ်တဲ့အတွက် ဒီပုံစံအတိုင်းပြောင်းနေတာပါ”လို့ နေခြည်က ဖြေကြားထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.