မကြီးစိုးကို Game ကစားနည်းသင်ပေးဖြစ်တဲ့အကြောင်းပြောပြသွားတဲ့ မြင့်မြတ်

မကြီးစိုးကို Game ကစားနည်းသင်ပေးဖြစ်တဲ့အကြောင်းပြောပြသွားတဲ့ မြင့်မြတ်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ပါ။ ဟိုတလောက မကြီးစိုးက မြင့်မြတ်ဆီကနေ Mobile Legends ကစားနည်းသင်ဖြစ်တဲ့အကြောင်းမီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာ ပြောပြထားတာရှိပါတယ်။ အခု Cele ရပ်ကွက်နဲ့အင်တာဗျူးတစ်ခုမှာ မကြီးစိုးကို သင်ပေးဖြစ်တဲ့အကြောင်းနဲ့ ကိုယ်တိုင်ဘယ်လောက်ထိဆော့ဖြစ်တဲ့အကြောင်း ကိုပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

“အရင်ကတော့ ရှုတင်ပြီးရင် KTVတွေ Bar တွေသွားတယ်။အခုနောက်ပိုင်းကတော့ သွားကိုမသွားချင်တော့ဘူး ။ ကျနော်ကလည်းGame ဆော့တာအရမ်းဝါသနာပါတယ်လေ။ ရှုတင်ပြီးတာနဲ့ Game ဆော့တာနဲ့ ပဲအချိန်ကုန်တယ်။ နောက်ပြီးကလေးနဲ့ဆော့တယ်။”ဆိုပြီး သူရဲအချိန်တွေကို အသုံးချပုံတွေကိုပြောပြသွားပြီး မကြီးစိုးကို Game ကစားတာသင်ပေးဖြစ်တဲ့အကြောင်းကို “ မကြီးက အရင်ကလည်းGamer ပါပဲ ။ Gamer ဆိုတာ ဒီGame သာခုမှာဆော့တာ အရင်တခြားGameတစ်ခုကို တော်တော်ကြီးကိုစိတ်ဝင်တစားနဲ့ဆော့တယ်။ အဲ့ဒါနဲ့ရှုတင်မှာပဲ ကျနော်စကားပြောရင်းဆုံရင်းနဲ့ ကျနော်ကလည်းတအားဆော့တာကို မကြီးကိုနည်းနည်းလေးပြောပြတာ ။ မကြီးလည်းအခု အဲ့ဒီGame ကိုတော်တော်ငြိနေပုံရတယ်။

အခုနောက်ပိုင်းတောင်မှ ကျနော် PUBGပြောင်းဆော့နေတာ ။ Mobile Legend က Mythic ။ Game ကစားရတာက အရင်ကတည်းကဝါသနာ ပါတာပါ ။ ကျနော်ကျောင်းသားဘဝကတည်းကကိုက Game တအားဆော့ တာလေ ။ကျောင်းသားဘဝမှာတုန်းက ကွန်ပျူတာထဲမှာရှိတဲ့Game တွေဖုန်းထဲရောက်လာတာအဲ့ဒါကြောင့်မို့ ပိုလည်းအဆင်ပြေပြီးတော့ တအားဆော့ဖြစ်နေတယ်။ “ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.