မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာ ဓာတ်ဖမ်းခဲ့ပြီး အမှတ်တရခရီးသွားပုံရိပ်တွေကိုချပြလိုက်တဲ့ ဘေဘီမောင်

မြန်မာဝတ်စုံလေးနဲ့ နန်းဆန်စွာ ဓာတ်ဖမ်းခဲ့ပြီး အမှတ်တရခရီးသွားပုံရိပ်တွေကိုချပြလိုက်တဲ့ ဘေဘီမောင်

မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိတဲ့ ဘေဘီမောင်ဟာဆိုရင် အဆိုတော်သားဂန်းနဲ့အတူ နှစ်ကိုယ်တူချစ်သူဘဝလေးကို တည်ထောင်နေတာလည်းဖြစ်ပါတယ်..။ ဘေဘီမောင်ဟာဆိုရင် ကိုယ့်အားကိုယ်ကိုးတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်စွာလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်..။ ဘေဘီမောင်ဟာ ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့အတူ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း ပြေပြစ်လှပသူတစ်ယောက်ပါနော်…။

ဘေဘီမောင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိပြီး၊ ကြော်ငြာ၊ မဂ္ဂဇင်းနှင့် photo shooting တွေမှာလည်း သူမရဲ့ နန်းဆန်လှပ မှုတွေကို အမြဲလိုလို မြင်တွေ့ကြရမှာပါ..။ ဘေဘီမောင်ဟာ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ခရီးသွား အမှတ်တရပုံရိပ်လေးတွေကိုလည်း အစဉ်အမြဲဖော်ပြပေးလေ့ရှိတာပါနော်…။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဘေဘီမောင်ဟာ ချစ်သူသားဂန်းနဲ့အတူ ပရဟိတလုပ်ငန်းတွေကိုလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်..။ နှစ်ကိုယ်တူ သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း ပရိသတ်တွေနားဆင်ရအောင် ဖန်တီးပြုလုပ်နေပြီဖြစ်ပါတယ်..။

ဘေဘီမောင်က gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့၊ အချိန်မှန်ဆော့လေ့ရှိသူပီပီ ချစ်သူသားဂန်းကိုလည်း အတူလိုက်ဆော့ခိုင်းတာကို မြင်တွေ့ကြရမှာပါ…။ ပရိသတ်တွေ ရှုစားကြရအောင် live ဗီဒီယိုဖိုင် လေးတွေကိုလည်း အမြဲထုတ်လွှင့်လျက်ရှိပြီး ပရိသတ်တွေနဲ့ အနေမစိမ်းရအောင် အမြဲကြိုးစားနေသူတစ်ယောက်ပါနော်..။ အခုတစ်ခါမှာဆိုရင်လည်း “ကျိုက္ခမီ” သို့ရောက်ရှိနေပြီး အမှတ်တရ ဓာတ်ဖမ်းခဲ့တဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source Baby Maung

Comments are closed.