စင္ေနာက္မရမကဝင္ျပီး လက္ေဆာ င္ လာေပးသူတစ္ဦးကို တစ္သ က္တာ လံုးအမွတ္တရျဖစ္ေစခဲ့တဲ့ ခ်စ္စမ္းေ မာင္

စင္ေနာက္မရမကဝင္ျပီး လက္ေဆာ င္ လာေပးသူတစ္ဦးကို တစ္သ က္တာ လံုးအမွတ္တရျဖစ္ေစခဲ့တဲ့ ခ်စ္စမ္းေ မာင္

ျမန္မာႏိုင္ငံရဲ႕ Pro Guitarist တစ္ဦးျဖစ္သူ ခ်စ္စမ္းေမာင္ဟာ Iron Cross Band မွ လိဒ္ဂစ္တာသူရဲေကာင္းတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ ဂစ္တာပညာရပ္ကို ၾကိဳးေျခာက္ေခ်ာင္းျဖင့္ဖမ္းစားသူလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ကို ကြ်မ္းက်င္သူ တစ္ဦးျဖစ္ပါတယ္။ေျခာက္ၾကိဳးကေဝ ဂီတပညာရွင္ၾကီးျဖစ္တဲ့ ခ်စ္စမ္းေမာင္ဆိုရင္ေတာ့ ျမန္မာႏုိင္ငံက ဂီတပရိသတ္ေတြ မသိသူမရွိေလာက္ေအာင္ကို ေတာ္လြန္းတဲ့ပညာရွင္တစ္ဦးျဖစ္ပါတယ္။

ခ်စ္စမ္းေမာင္လို ပညာရွင္မ်ိဳးကို အရူးအမူး အားေပးတဲ့ ပရိသတ္ေတြလည္း ရွိၾကတာကိုမ်က္ျမင္ကိုယ္ေတြ႔ ျမင္ရမွာပဲျဖစ္ပါတယ္။ ေမာ္လျမိဳင္ကပရိသတ္တစ္ဦးကေတာ့ သူရူးသြပ္စြာအားေပးတဲ့ခ်စ္စမ္းေမာင္အတြက္ အၾကိမ္ၾကိမ္ၾကိဳးစားျပဳလုပ္ထားတဲ့ ဂစ္တာ Stand ေလးကို စင္ေနာက္ မရမကဝင္ခြင့္ေတာင္းျပီး လာေပးခဲ့တာျဖစ္ပါတယ္။

“ေမာ္လၿမိဳင္က ပရိတ္သတ္တဦး စင္ေနာက္ကို မရမကဝင္ခြင့္ေတာင္းၿပီး သူကိုယ္တိုင္ လုပ္ခဲ့တဲ့ Guitar Stand ေလးကို လက္ေဆာင္လာေပးရင္း ဓါတ္ပံု႐ိုက္ခ်င္တယ္ဆိုလို႔ ရပါတယ္႐ိုက္ပါဆိုေတာ့ ဖုန္းမရွိဘူးတဲ့ သနားလို႔ကၽြန္ေတာ့ဖုန္းနဲ႔႐ိုက္လိုက္ေတာ့လည္း ဘယ္လိုပို႔ရမွန္းမသိခဲ့ဘူး သိတဲ့သူေတြရွိရင္လည္း ျပေပးလိုက္ၾကပါ သူကူးယူပါေစ။ သူ ၂ ႏွစ္ေလာက္ ပ်က္လိုက္ျပန္လုပ္လိုက္လုပ္ခဲ့ေပးတာဆို႔လို႔ ေက်းဇူးတင္ရင္း မွတ္တမ္းတင္ထားပါတယ္” လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ခ်စ္စမ္းေမာင္ကေတာ့ လက္ေဆာင္ေပးသူရဲ႕ ဖုန္းနဲ႔မရိုက္ခဲ့ရေပမယ့္ သူ႔ရဲ႕ဖုန္းေလးနဲ႔ အမွတ္တရရိုက္ထားတဲ့ ပံုေလးကို ထိုလက္ေဆာင္ေပးသူျမင္ေအာင္ ပရိသတ္ၾကီးကို ျပေပးဖုိ႔ေတာင္းဆုိထားပါေသးတယ္။ ခုလိုမ်ိဳး တန္ဖိုးထားျပီးေပးတဲ့လက္ေဆာင္ေလးကို ရရွိတဲ့အတြက္လည္း ခ်စ္စမ္းေမာင္ကေတာ့ ထိုဓာတ္ပံုေလးနဲ႔အတူ မွတ္တမ္းတင္ထားခဲ့တာျဖစ္ပါတယ္။We Love CelePhotos-Chit San Mg

[Unicode]

မြန်မာနိုင်ငံရဲ့ Pro Guitarist တစ်ဦးဖြစ်သူ ချစ်စမ်းမောင်ဟာ Iron Cross Band မှ လိဒ်ဂစ်တာသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဂစ်တာပညာရပ်ကို ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူလို့ တင်စားခေါ်ဝေါ်ရလောက်အောင်ကို ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ခြောက်ကြိုးကဝေ ဂီတပညာရှင်ကြီးဖြစ်တဲ့ ချစ်စမ်းမောင်ဆိုရင်တော့ မြန်မာနိုင်ငံက ဂီတပရိသတ်တွေ မသိသူမရှိလောက်အောင်ကို တော်လွန်းတဲ့ပညာရှင်တစ်ဦးဖြစ်ပါတယ်။

ချစ်စမ်းမောင်လို ပညာရှင်မျိုးကို အရူးအမူး အားပေးတဲ့ ပရိသတ်တွေလည်း ရှိကြတာကိုမျက်မြင်ကိုယ်တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ မော်လမြိုင်ကပရိသတ်တစ်ဦးကတော့ သူရူးသွပ်စွာအားပေးတဲ့ချစ်စမ်းမောင်အတွက် အကြိမ်ကြိမ်ကြိုးစားပြုလုပ်ထားတဲ့ ဂစ်တာ Stand လေးကို စင်နောက် မရမကဝင်ခွင့်တောင်းပြီး လာပေးခဲ့တာဖြစ်ပါတယ်။

“မော်လမြိုင်က ပရိတ်သတ်တဦး စင်နောက်ကို မရမကဝင်ခွင့်တောင်းပြီး သူကိုယ်တိုင် လုပ်ခဲ့တဲ့ Guitar Stand လေးကို လက်ဆောင်လာပေးရင်း ဓါတ်ပုံရိုက်ချင်တယ်ဆိုလို့ ရပါတယ်ရိုက်ပါဆိုတော့ ဖုန်းမရှိဘူးတဲ့ သနားလို့ကျွန်တော့ဖုန်းနဲ့ရိုက်လိုက်တော့လည်း ဘယ်လိုပို့ရမှန်းမသိခဲ့ဘူး သိတဲ့သူတွေရှိရင်လည်း ပြပေးလိုက်ကြပါ သူကူးယူပါစေ။ သူ ၂ နှစ်လောက် ပျက်လိုက်ပြန်လုပ်လိုက်လုပ်ခဲ့ပေးတာဆို့လို့ ကျေးဇူးတင်ရင်း မှတ်တမ်းတင်ထားပါတယ်” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ချစ်စမ်းမောင်ကတော့ လက်ဆောင်ပေးသူရဲ့ ဖုန်းနဲ့မရိုက်ခဲ့ရပေမယ့် သူ့ရဲ့ဖုန်းလေးနဲ့ အမှတ်တရရိုက်ထားတဲ့ ပုံလေးကို ထိုလက်ဆောင်ပေးသူမြင်အောင် ပရိသတ်ကြီးကို ပြပေးဖို့တောင်းဆိုထားပါသေးတယ်။ ခုလိုမျိုး တန်ဖိုးထားပြီးပေးတဲ့လက်ဆောင်လေးကို ရရှိတဲ့အတွက်လည်း ချစ်စမ်းမောင်ကတော့ ထိုဓာတ်ပုံလေးနဲ့အတူ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။We Love Cele

Photos-Chit San Mg

Comments are closed.