
မျက်နှာပေါ်က အမာရွတ်ကြီးကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ အေးမြတ်သူ
ါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးရယ်လိုက်တိုင်း အရမ်းကို ချစ်ဖို့ကောင်းနေတတ်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကို ပိုင်ဆိုင်ရရှိခဲ့တဲ့ အေးမြတ်သူကိုတော့ ပရိသတ်တွေအားလုံးက အားပေးချစ်ခင်ကြမယ် ထင်ပါတယ်။ အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ အေးမြတ်သူက မျက်နှာလေးကအစ အမြဲအပြစ်ကင်းစင်ပြီး နုပျိုလှပနေတတ်တာလည်း ဖြစ်ပါတယ်။


ဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်လာအောင် အကောင်းဆုံး ဖန်တီးပြလေ့ရှိတဲ့ မမြတ်လေးက လက်ရှိမှာလည်း “အပေးအယူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာဆိုရင် မမြတ်လေးက မြခက်ဆိုတဲ့ အမျိုးသမီးနေရာကနေ သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ မြခက်ဆိုတဲ့ ဇာတ်ကောင်အသက်ဝင်လာစေဖို့အတွက် မမြတ်လေးက သူမရဲ့ချောမောလှပတဲ့ မျက်နှာလေးပေါ်မှာ အကျည်းတန်စေတဲ့ အမာရွတ်ကြီးကို ပုံဖော်ခဲ့ပါတယ်။


အရမ်းကို ရုပ်ဆိုးသွားစေနိုင်တဲ့ အမာရွတ်ကြီးကြောင့် မမြတ်လေးတစ်ယောက် လူမှားရလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။ အခုလည်း မမြတ်လေးက ” အပေးအယူ ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အမာရွတ်ကြီးကြောင့် ရုပ်ပြောင်းသွားတဲ့ မင်းသမီးချောလေး အေးမြတ်သူရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Source:Myat Lay ML;