ကြွေရုပ်လေးလို လှရက်လွန်းတဲ့ ဖွေးဖွေးရဲ့ကြော်ငြာရိုက်ကွင်းပေါ်မှ ပုံရိပ်တွေ

ကြွေရုပ်လေးလို လှရက်လွန်းတဲ့ ဖွေးဖွေးရဲ့ကြော်ငြာရိုက်ကွင်းပေါ်မှ ပုံရိပ်တွေ

အပြစ်ကင်းစင်လွန်းတဲ့ အပြုံးလေးတွေရဲ့ပိုင်ရှင်လေး ဖွေးဖွေးကတော့ အနုပညာကို ချစ်မြတ်နိုးလွန်းသူလေးမို့ စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံး ကြိုးစားနေသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို လေးစားတန်ဖိုးထားလွန်းလို့ တစ်နေ့တစ်ခြား အားပေးတဲ့ ပရိသတ်တွေတိုးတိုးလာတဲ့ ဖွေးစိန်လေးကတော့ လတ်တလောမှာလည်း ကြော်ငြာရိုက်ကူးနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိတ်ကပ်မထက်ရဲ့ ပြင်ဆင်မှုတွေနဲ့ ဖွေးစိန်လေးကတော့ တကယ့် ကြွေရုပ်လေးတစ်ရုပ်လို အလှပိုလို့နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် STARMOR Collagen Capsule ကြော်ငြာရိုက်ကွင်းပေါ်မှ ဖွေးစိန်လေးရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ “STARMOR Collagen Capsule Fotoshoot 🦄❤” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူမနဲ့ လိုက်ဖက်ညီတဲ့ အပြင်အဆင်လေးတွေရယ်၊ ဝတ်စုံလေးရယ်က ဖွေးစိန်လေးရဲ့အလှတွေကို ပိုပြီး ပြီးပြည့်စုံစေခဲ့တာပါ။

ဖွေးဖွေးကတော့ ၂၀၁၂ ခုနှစ်က “လက်ပံ” ရုပ်ရှင်ဇာတ်ကား၊၂၀၁၅ ခုနှစ်က “ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကား၊ ဒီနှစ် ၂၀၁၈ခုနှစ်မှာ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားတို့နဲ့ အကယ်ဒမီ ရရှိခဲ့တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်လေးပဲ ဖြစ်ပါတယ်။

ဖွေး​ဖွေးက​တော့ လက်​တ​လောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားပြီး၊ သူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးတွေကလည်း မကြာခင်​မှာရုံတင်​ပြသ​တော့မှာပါ။ သရုပ်​​ဆောင်​ပိုင်းမှာ သဘာဝကျပီပြင်လွန်းတဲ့​ဖွေးက​တော့ ဇာတ်​ရုပ်​နဲ့လိုက်​ဖက်​ညီစွာ အမြဲကြိုတင်​ပြင်​ဆင်ပြီးမှ သရုပ်​​ဆောင်​​လေ့ရှိတာပဲဖြစ်​ပါတယ်​။ ဖွေးစိန်​​လေးကိုချစ်​ကြတဲ့ ချစ်​ပရိသတ်​​တွေလည်း ကြွေရုပ်လေးလို လှရက်လွန်းတဲ့ ဖွေးဖွေးရဲ့ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.