သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တယ်ဆိုတဲ့ ဒေါက်တာမြဝတ် ရည်

ဒေါက်တာမြဝတ်ရည်ကတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့သူပီပီ ဖေဖော်ဝါရီလထဲက စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံဘဲ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့သလို အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေါက်တာမြဝတ်ရည်က နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေး တိမ်း ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

သမီးလေးကိုလည်း တိမ်းရှောင်နေစဉ်ကာလအတွင်းမှာ မွေးဖွားခဲ့ရတဲ့ ပြည်သူ့အချစ်တော်ဒေါက်တာမြဝတ်ရည်က သမီးလေးမီယာကြောင့် သာ စိတ်အားတင်းပြီး၊ ရှေ့ဆက်နိုင်ခဲ့တာပါလို့အခုလိုဖွင့်ဟရေးသားထားတာပါ။

“တော်လှန်ရေးကာလတစ်လျှောက်လုံး အာဏာရှင်ကို ဆန့်ကျင်ခဲ့ရာမှာ ကိုယ့်လူတွေ ကျဆုံး ဆုံရှုံးရတိုင်း ကျတတ်လွန်းတဲ့ စိတ်တွေကို ပြန်ကောက်တင်ပြီး အားတင်းနေရတာ သမီးလေးကြောင့်ပါပဲ 💪

Advertisement

သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တာပါပဲ

တစ်နေ့ကျရင်တော့ ခက်ခဲမှုတွေ အတွေ့အကြုံတွေ ပြောခွင့်ရချင်ပါသေးတယ် ❤️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဒေါက်တာ မြဝတ်ရည်ကတော့ အရင်ကတည်းက စိတ်ဓာတ်ခိုင်မာပြတ်သားသူတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ဝန်လွယ်စဉ်ကာလမှာထဲ က စစ်ကောင်စီကို အနိုင်တိုက်ဖို့ ရရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာမို့ လူတိုင်းက လေးစားဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

Source : Dr. မြဝတ်ရည် ‘s Facebook Page

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*