“ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားမှ ဒေါင်းနီအဖြစ် ကြိုးစားခဲ့ရပုံတွေကိုပြသလိုက်တဲ့ အိန္ဒြာကျော်ဇင်

“ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားမှ ဒေါင်းနီအဖြစ် ကြိုးစားခဲ့ရပုံတွေကိုပြသလိုက်တဲ့ အိန္ဒြာကျော်ဇင်

ကျရာဇာတ်ရုပ်မျိုးစုံကနေ ကာရိုက်တာမျိုးစုံကို ပီပြင်စွာ သရုပ်ဆောင် ပြသပေးနိုင်ခဲ့တဲ့ နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး အိန္ဒြာကျော်ဇင် ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ အိန္ဒြာကျော်ဇငဟာ ပီပြင်တဲ့ ကာရိုက်တာတွေမျိုးစုံနဲ့ ဘယ်ဇာတ်ရုပ်ကိုမဆို အပိုအလိုမရှိရအောင် သရုပ်ဆောင် ပြသပေးနေဆဲဖြစ်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ဆယ်စုနှစ်ကျော်တိုင် ရရှိထားတာ ဖြစ်ပါတယ်။

ဇာတ်ရုပ်မျိုးစုံကို စိတ်ရောကိုယ်ပါနှစ်ပြီး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပုံဖော်ထားတဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဓာတ်ပုံတွေထွက်ရှိကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများကြီး ရရှိထားတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အိန္ဒြာကျော်ဇင်က သူမခေါင်းဆောင်ပြီး ပါဝင်ရိုက်ကူးထားတဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးပေါ်က ပုံရိပ်တွေကို ပရိသတ်ကြီးဆီ မျှဝေထားပါတယ်။ ဒါ့အပြင် “ဒေါင်းနီ ဖြစ်ဖို့အတွက် အကောင်းဆုံးကြိုးစားထားပါတယ်။ မေလ( ၁၆ )ရက်နေ့ ကစပြီး မြန်မာ နဲ့ စင်ကာပူမှာ တပြိုင်နက်တည်း ရုံတင်ပြသပေးသွားတော့မှာမို့ ကြည့်ရှုအားပေးဝေဖန်ပေးကြပါဦးနော်” ဆိုပြီး ပရိသတ်တွေကို ပြောထားပါသေးတယ်။

“ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီ မေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ဂျိမ်းစ်၊ ထူးပြည့်အောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ကလေးအမေတစ်ယောက်အဖြစ် ဒေါင်းနီနေရာကနေ အပီအပြင် သရုပ်ဆောင်ပြသပေးထားခဲ့တဲ့ အူဝဲရဲ့ ပီပြင်လှတဲ့အကြမ်းစား သရုပ်ဆောင်မှုကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဘယ်သူနဲ့မှမတူဘဲ တစ်မှုထူးခြားလှတဲ့ သရုပ်ဆောင်မှုတွေကို အပီအပြင် သရုပ်ဆောင်ပြသပေးနေတဲ့ အူဝဲရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ သက်ငယ်မုဒိန်း ပညာပေးဇာတ်ကားကြီးအတွက် “ဟစ်တိုင်” ရုပ်ရှင်ကားကြီးထဲမှာ အပီအပြင် သရုပ်ဆောင်ပြသပေးသွားခဲ့တဲ့ အူဝဲရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျ ကြမယ်လို့ မျှော်လင့်ပါတယ်။ “ဟစ်တိုင်” ရုပ်ရှင်ကားကြီးကို လာမယ့် မေလ(၁၆)ရက်နေ့မှာ ရုံတင်ပြသမှာမို့ အားပေးကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Eaindra Kyaw Zin’s fb

Comments are closed.