အင်္ဂလိပ်တွေကပဲ မြန်မာတွေကို ဂုတ်သွေးစုပ်ခဲ့လေသလား …မြန်မာတွေကပဲ သောက်သုံးမကျခဲ့လေသလား

အင်္ဂလိပ်တွေကပဲ မြန်မာတွေကို ဂုတ်သွေးစုပ်ခဲ့လေသလား …မြန်မာတွေကပဲ သောက်သုံးမကျခဲ့လေသလား

အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေက ရန်ကုန်မြို့မှာ မီးကြိုးတွေကို underground ထည့်ခဲ့တယ်။

ကျွန်တော်မှတ်မိသလောက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရန်ကုန်မြို့တွင်းက underground တွေခဏခဏ ပေါက်တော့ ပြင်ရလွယ်အောင်ဆိုပြီး အကုန်မိုးပေါ်ပြန်တင်လိုက်ကြတယ်။

အဲ့တော့ အခုဘာဖြစ်လဲဆိုတော့ မိုးရွာလဲပျက် လေပြင်းလဲပျက် သစ်ပင်ကျိုးလဲပျက် ကားနဲ့ညိလဲပျက် အားအားရှိပျက်နေတော့တာပဲ။ ပြင်လို့လွယ်အောင်ဆိုပြီး အပေါ်တင်လိုက်တာ ပြင်ကြပေါ့လို့ပြောရမလိုဖြစ်နေတယ်။ အမှန်က Underground Cable တွေပေါက်ရင် အပိုင်းလိုက်ဖြတ်လဲရမှာ။ နှစ်ပေါင်း ၈၀ ၉၀ သုံးခဲ့တဲ့ Cable တွေဆိုတော့ အပြင်ကာဗာတွေ သိပ်မကောင်းတော့ဘူးလေ။ အဲ့ဒါကို ဟိုဖါ ဒီဖါ ဖါနေတော့ ရေမလုံတော့ လစ်တာပေါ့။

အင်္ဂလိပ်တွေ ဂုတ်သွေးစုတ်တယ်ဘာညာသာ သင်ခဲ့ရတာရယ်။ အခုသေချာလေ့လာကြည့်တော့ ဂုတ်သွေးစုတ်တယ်လို့ မတွေ့ရဘူး။ စနစ်တကျနဲ့ နေ့ဖို့ညစာချန်ပြီး ယူသွားတာပဲတွေ့ရတယ်။

ဥပမာ ကျွန်းသစ်တွေဆိုလဲ လုံးဝစနစ်တကျထုတ်သွားတာ နှစ်၃၀ တစ်ပတ်လည်ရင် ဆပွားပြီးအထွက်ကောင်းအောင် ပလန်နဲ့။

ရန်ကုန်လိုမြို့တော်ကို Sewer system အပြည့်၊ အညစ်အကြေးစွန် အမှိုက်စွန့်စနစ်၊ ပလက်ဖေါင်း မြေအောက်လျှပ်စစ်၊ မော်တော်ယာဉ်လမ်းကြောင်း၊ Zip Code စတဲ့ Urban Planning အလန်းနဲ့၊ ဂျိုးဖြူလို ရေပေးဝေစနစ် နဲ့ နှစ် ၅၀ လောက် အသာလေးအသုံးခံအောင် အကုန် တွက်ချက်ပြီး သေချာလုပ်ပေးခဲ့တာ။

ကျောက်စိမ်းတွေဆိုလဲ အကုန်တူးသွားတယ်မကြားမိဘူး။ မြန်မာတွေကိုလဲ သေချာပညာသင်ပေးပြီး ပညာရေးစနစ်သေချာကြီးကိုလုပ်ပေးခဲ့တာ ရန်ကုန်တက္ကသိုလ် အာရှမှာအကောင်းဆုံးတက္ကသိုလ်ထဲပါနေခဲ့ဖူးတာကြည့်။

ဘာကြည့်ကြည့် ဂုတ်သွေးစုတ်တယ်လို့ ထင်လို့ရတာ တစ်ခုမှမရှိဘူး။ သူတို့ဖိနှိပ်တာတစ်ခုပဲရှိတယ် သူတို့ကို မပုန်ကန်နဲ့ ဒါပဲ။

ကျွန်တော်တွေးကြည့်တော့ သူတို့ခေတ်သပိတ်ဆိုတာလဲ အခုခေတ် ကျောင်းသားသပိတ်ဟ၊ အလုပ်သမားသပိတ်ဟဆိုတာနဲ့ ပုံစံခပ်ဆင်ဆင်ဖြစ်မလားမသိဘူး။ နောက်တစ်ခုက ၁၉၃၀ Great Depression နဲ့ တိုက်ဆိုင်လို့ ကြပ်တည်းတာကြောင့် ဖြစ်တာလဲ ဟုတ်မယ်။ ဒါတောင် စဉ်းစားကြည့်ရင် အမေရိကားမှ 1930 Great Depression မှာ ငတ်လိုက်ပြတ်လိုက်တာဆိုတာ ပေါင်မုန့်တစ်လုံးရဖို့အရေး ၂ ရက် ၃ ရက်အလုပ်လုပ်ရတာတို့ဘာတို့၊ မြန်မာမှာ အဲ့လောက် မကြပ်တည်းခဲ့ဘူး မငတ်ပြတ်ခဲ့ဘူးဆိုတာ သိသာတယ်။

အဲ့ ဂုတ်သွေးစုတ်ခဲ့တယ်ဆိုတဲ့သူတွေခေတ်မှာ ဘာဆိုဘာမှ ကျဆင်းမသွားဘဲ သခင်မျိုးဟေ့ဆိုတဲ့ စေတနာအပြည့်နဲ့ အဘတွေ အုပ်ချုပ်မှဘဲ မြန်မာပြည်လဲ အင်္ဂလိပ်လုပ်ပေးခဲ့သမျှ တက်တက်ကိုပြောင်ရော။

အာ့တောင် ကြီးပွားတိုးတက်မယ်၊ အားလုံးကောင်းစေရမယ်ဆိုတဲ့ စကား အခုထိလက်ကမချဘူး။ အဘတွေမှမဟုတ်ဘူး မြန်မာတွေ ဘယ်သူလာလာ အဲ့စကားပြောတာချည်းပဲ။ ကျွန်တော်ဖြင့် အဲ့လိုစကားနဲ့လာရင် ကြောက်ကိုနေတော့တာ။

ငါလုပ်ခွင့်ရရင် လုပ်ချင်တာလုပ်မယ် ကောင်းစေရမယ်ဆိုတဲ့ ပြတ်ပြတ်ပြောတဲ့သူ လိုချင်နေပြီ။ ပြည်သူ့အတွက် ပြည်သူ့ကောင်းစားရေး ဆိုတဲ့စကားတွေ ကြားကိုမကြားချင်ဘူး၊ မြန်မာနိုင်ငံအတွက်ဆိုတာပဲကြားချင်တော့တယ် တကယ်ပဲ။

ပြည်သူလား အိမ်သူလား မြန်မာစာသေချာမသင်ခဲ့၊ မြန်မာ definition သေချာမသိတဲ့သူတွေချည်း တက်တက်လာနေတာ ခက်နေရော 😂😂

အဲ့ဂုတ်သွေးစုတ်ဆိုတဲ့စကားကြီးလဲ ဖြုတ်လိုက်သင့်ပြီ ကျောင်းစာထဲမှာ။ အဂ်လိပ်တွေ ဘယ်လိုစနစ်တွေချပေးခဲ့တာ အတုယူသင့်တယ်ဆိုတာမျိုး ပြောင်းသင်ရတော့မှာ။ နိုင်ငံ တိုးတက်စေချင်ရင်ပြောတာပါ။ အာဏာလိုချင်သေးရင်တော့၊ နိုင်ငံသားတွေကို လိမ်စားချင်သေးတယ်ဆိုရင်တော့ တိုင်းတပါးသားရန်က ကာကွယ်ရမယ်၊ မျိုးချစ်စိတ် ဘလာဘလာ ဆက်လုပ်ပေါ့၊ တက်လာတဲ့ မင်းတို့လုပ်ရပ်ကိုကြည့်တာနဲ့ ဘယ်အတွက်လဲဆိုတာ မြင်နေရတာပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.