မိုးစက်ဝိုင်ရဲ့မွေးနေ့မှာ အပြတ်အသတ်ကဲနေတဲ့ ဖွေးစိန်ရဲ့ ဗီဒီယိုလေး

မိုးစက်ဝိုင်ရဲ့မွေးနေ့မှာ အပြတ်အသတ်ကဲနေတဲ့ ဖွေးစိန်ရဲ့ ဗီဒီယိုလေး

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာကျရောက်ခဲ့တာကတော့ မြန်မာ့ဂုဏ်ဆောင် Miss တစ်ယောက်လဲဖြစ် မော်ဒယ်ပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပြောစရာမရှိတဲ့ မိုးစက်ဝိုင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ သူဟာတော့ အနုပညာလုပ်ငန်းတွေကို နောက်ပိုင်းလုပ်ကိုင်လာရမှာ အနည်းငယ်ကျဲလာသယောင်ထင်ရပေမယ့် ဖြည်းဖြည်းမှန်မှန်လေးနဲ့ အနုပညာအလုပ်တွေကိုကြိုးစားကာ ပရိသတ်တွေရဲ့ အချစ်ကိုအမြဲတမ်း သိမ်းပိုက်ရယူထားသူလေးဆိုရင်လဲ မမှားနိုင်ပါဘူး။

ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ပွဲလေးကိုတော့ Novotel Hotel မှာ သူမရဲ့ အနုပညာ သူငယ်ချင်းတွေနဲ့အတူကျင်းပခဲ့တာဖြစ်ပါတယ်။မွေးနေ့ပွဲကိုတက်ရောက်ခဲ့တဲ့ အနုပညာရှင်များစွာထဲမှာ လဲ မကြာသေးခင်ကမှ အကယ်ဒမီဆုကို ထပ်မံပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးတစ်ယောက်လဲပါဝင်လာတာဖြစ်ပါတယ်။

အခုဆိုရင်လဲ ဖွေးဖွေးတစ်ယောက်ကတော့ မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ချစ်စရာကောင်းလောက်အောင်ကို စပယ်ရှယ်ကကွက်တွေနဲ့ပျော်မြူးနေတာဖြစ်ပါတယ်။ဒါကိုဖွေးဖွေးကလဲ ဗီဒီရို ရိုက်ကူးခဲ့ပြီး သူမရဲ့ Official အကောင့်မှာ ပြန်လည်တင်ထားခဲ့တာပဲဖြစ်ပါတယ်။ပြောချင်လွန်းလို့ ပရိသတ်တို့လဲ့ ဖွေးစိန်လေး မိုးစက်ဝိုင်ရဲ့ မွေးနေ့ပါတီမှာ ဘယ်လိုကဲထားလဲဆိုတာကိုတော့ အားလုံးကြည့်ရှုလို့ရအောင် မျှဝေပေးလိုက်ရပါတယ်ခင်ဗျ။

Comments are closed.