Box Office ရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ John Wick 3 ရုပ်ရှင်

Box Office ရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ John Wick 3 ရုပ်ရှင်

ယခုနောက်ပိုင်း ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများဟာ ရုံတင်ပြသပြီး ၀င်ငွေကောင်းပြီဆိုတာနဲ့ အပိုင်းဆက်တွေကို ဆက်လက်ရိုက်ကူးဖို့ project တွေ ချက်ချင်းစီစဉ်တတ်ကြပါတယ်။ အပိုင်းဆက်တွေဆက်လက်ရိုက်ကူးတဲ့အခါမှာလည်း အပိုင်း(၁)က သရုပ်ဆောင်တွေနဲ့ ပဲ ရိုက်ကူးကြလေ့ရှိပြီး အဆိုပါသရုပ်ဆောင်တွေဟာ Franchise တစ်ခုလုံးရဲ့ ပင်တိုင်စံသရုပ်ဆောင်တွေ ဖြစ်လာတတ်ကြပါတယ်။ ဥပမာ- Mission Impossible လို့ ပြောလိုက်တာနဲ့ မင်းသားကြီး Tom Cruise ကို ပြေးမြင်ကြမှာဖြစ်သလို Die Hard လို့ ပြောလိုက်တာနဲ့ မင်းသားကြီး Bruce Willis ကို မြင်မိကြမှာပါပဲ။ အလားတူပဲ ထိတ်ထိတ်ကြဲရုပ်ရှင် franchise တစ်ခုဖြစ်တဲ့ John Wick ရုပ်ရှင်ဟာလည်း ပင်တိုင်စံမင်းသားကြီး Keanu Reeves ကြောင့် တစ်ကားထက်တစ်ကား ပိုမိုအောင်မြင်နေတယ်လို့ ဆိုရမှာပါ။

ယခုဆိုရင် John Wick ရုပ်ရှင်ရဲ့ အပိုင်း(၃)ဖြစ်တဲ့ John Wick: Chapter 3 – Parabellum ဟာ ကမ္ဘာအနှံ့ ရုံတင်ပြသနေပြီဖြစ်ပြီး ရှေ့ အပိုင်းတွေထွက်ရှိစဉ်ကထက် ပိုမိုအောင်မြင်ကာ ပရိသတ်တွေလည်း တစ်ခဲနက်အားပေးကြတာကို တွေ့ ရပါတယ်။ John Wick 3 ဟာ ယခုအပတ်ရဲ့ Box Office မှာလည်း Endgame ရုပ်ရှင်ကိုကျော်လွန်ပြီး နံပါတ်(၁)နေရာကို ရယူထားတာတွေ့ ရပါတယ်။

Budget ဒေါ်လာ(၅၅)သန်းနဲ့ ရိုက်ကူးထားတဲ့ John Wick 3 ဟာ ယခုအပတ်မှာ ပြည်တွင်းရုံတင်ဝင်ငွေ ဒေါ်လာ(၅၆)သန်းရရှိထားပြီး ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေစုစုပေါင်း ဒေါ်လာ(၉၆)သန်းနဲ့ Box Office ရဲ့ နံပါတ်(၁)နေရာကို ရယူထားတာဖြစ်ပါတယ်။

အရင်းကျေရုံသာမကပဲ အမြတ်အစွန်းတွေစတင်ရရှိနေပြီဖြစ်တဲ့ John Wick 3 ဟာ နောက်အပတ်တွေမှာလည်း Box Office ရဲ့ နံပါတ်(၁)နေရာကို ရယူထားနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ မင်းသားကြီး Keanu Reeves ရဲ့ ပရိသတ်တွေအနေနဲ့ ကတော့ ခပ်လန်းလန်းအက်ရှင်ဇာတ်ဝင်ခန်းတွေများစွာ ထည့်သွင်းရိုက်ကူးထားတဲ့ John Wick 3 လိုရုပ်ရှင်မျိုးကို လုံးဝလက်မလွှတ်သင့်ပါဘူး၊ လက်ရှိ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်ပြသနေပြီဖြစ်တာကြောင့် မဖြစ်မနေသွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Douglas

Comments are closed.