မြန်မာ့ရုပ်ရှင်က နိုင်ငံတကာကို ထိုးဖောက်နေလို့ မပျော်စေချင်ဘူးဆိုတဲ့ ဒါရိုက်တာ ဏကြီး

မြန်မာ့ရုပ်ရှင်က နိုင်ငံတကာကို ထိုးဖောက်နေလို့ မပျော်စေချင်ဘူးဆိုတဲ့ ဒါရိုက်တာ ဏကြီး

အတွေးသစ် အမြင်သစ်တွေနဲ့ ဇာတ်လမ်းကောင်းများစွာကို ပုံဖော်ရိုက်ကူးနေပြီး လတ်တလောမှာတော့ ပရိသတ်က ပေးတဲ့ ပြည်သူအကယ်ဒမီဆုကို ရရှိထားတဲ့ ဒါရိုက်တာ ဏကြီးကတော့ မြန်မာ့ရုပ်ရှင်က နိုင်ငံတကာကို ထိုးဖောက်နေတယ်ဆိုတာ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေပဲ ကြည့်ကြတာမို့လို့ အရမ်း ကြီးမပျော်စေချင်ဘူးလို့ အကုန်သိရဲ့ အင်တာဗျူးတစ်ခုမှာ ပြောလာခဲ့ပါတယ်။

ဏကြီးက “ကျွန်တော်အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့တွေ အရမ်းကြီးမပျော်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကို သွားပြတယ် ဥပမာ စင်္ကာပူကို သွားပြတယ် ဘန်ကောက်ကို သွားပြတယ်ဆိုတော့ ဒါက နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေ လာကြည့်တာ။ မြန်မာစကားမပြောတဲ့ နိင်ငံခြားသားတွေ ဘာကြည့်တာ မဟုတ်သေးဘူးနော် အဲ့တာကြောင့် ဒါက မြန်မာ ပရိသတ်ကိုပဲ ပြတာပဲ။ အဲတာကြောင့် အရမ်းကြီးမပျော်စေချင်သေးဘူး။ ဒါက နိင်ငံတကာကို သွားတာမဟုတ်ဘူး။ နိုင်ငံတကာကို သွားတယ်ဆိုတာက ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံမှာ တကယ်တရားဝင်ပြီးတော့ တခြားလူတွေကပါ ကြည့်ပေးဖို့ပေါ့နော်။ မြန်မာ့ရုပ်ရှင်ကို ဝင်ကြည့်ပြီဆိုတော့မှ နိုင်ငံတကာကို သွားတယ်လို့ ခေါ်တာပေါ့နော်။ နိုင်ငံတကာ အတွေ့အကြုံမှာဆိုရင်လည်း ကျွန်တော်က အာဆီယံမှာ ဆုရခဲ့တယ်။

ဒါပေမဲ့ ကျွန်တော့်ထက် စောတဲ့သူတွေ အရမ်းများတယ် ပြီးတော့တကယ်လည်း ပေါက်ပေါက်ရောက်ရောက်ရှိတယ်။ သူတို့တွေဆိုရင် Short film နဲ့သွားခဲ့သလို Feature နဲ့သွားတယ်။ ဆုတွေလည်း ရခဲ့ကြတယ်။ သူတို့တွေဆိုတာ တကယ်ကို နိုင်ငံတကာသွားခဲ့တဲ့လူတွေ နိုင်ငံတကာပွဲတွေဆိုရင် ကျွန်တော်တို့ နိုင်ငံက နည်းနည်းတော့ အနောက်ရောက်နေတယ် ဘာလို့ဆိုတော့ တခြား Network တွေနဲ့ ဆက်သွယ်တာ တခြား Agent တွေနဲ့ ဆက်သွယ်တာ ကျွန်တော်တို့နိုင်ငံအနေနဲ့တိုရင် မရှိနေဘူး။ ရုပ်ရှင်ပွဲတစ်ပွဲကို သွားပြီဆိုရင် ပါဝင်ယှဉ်ပြိုင်တဲ့သူလောက်ပဲပါတယ် တခြားဘက်က မပါခဲ့ဘူးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က နိုင်ငံတကာမှာ သွားပြီး ဆက်သွယ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ရင်းနှီးမြှပ်နှံမှုတစ်ခုပဲ ငါတို့ဆီမှာတော့ ဒီရုပ်ရှင်တွေရှိတယ် မင်းတို့ရဲ့ Tv Channel မှာ ဖြစ်ဖြစ် Network မှာ ဖြစ်ဖြစ် ပြချင်လား။

ဒါနိုင်ငံတကာက ရုပ်ရှင်ပွဲတော်တွေမှာ Counter သဘောမျိုးပေါ့ ဆွေးနွေးတာ။ Distribution ပတ်သက်တဲ့ အပိုင်းပေါ့နော် ဒီလိုမျိုး အခန်းကဏ္ဍတွေကလည်း ရှိနေရတော့မှာပါ။ နိုင်ငံတကာကို သွားချင်ရင်တော့ အဲ့လောက် ကြိုးစားရမယ်ပေါ့။ ဒါကလည်း ကျွန်တော်အများကြီးသိလို့ မဟုတ်ဘူး ကိုယ့်သူငယ်ချင်းတွေကပြန်ပြောတာတို့ ပွဲတွေသွားရင် တွေ့ခဲ့တာကို ပြန်ပြောပြတာပါ။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.