လူတိုင်းမမြင်လိုက်တဲ့ GOT ဇာတ်သိမ်းပိုင်းက အလွဲကြီးတစ်ခု

လူတိုင်းမမြင်လိုက်တဲ့ GOT ဇာတ်သိမ်းပိုင်းက အလွဲကြီးတစ်ခု

ပီးခဲ့တဲ့တနင်္လာနေ့ ကတော့ HBOရဲ့ ကမ္ဘာလူကြိုက်အများဆုံး TV Serie တစ်ခုဖြစ်တဲ့ Game of Thrones ဇာတ်လမ်းတွဲဟာ ဆုံးခန်းတိုင်ခဲ့ပါပြီ။ ပရိသတ်တွေကြားထဲမှာလည်းဇာတ်လမ်းရဲ့အဆုံးသတ်ကို ကျေနပ်ကြသူတွေနဲ့မကျေနပ်ကြတဲ့သူတွေဆိုပြီး သဘောထားကွဲလွဲနေကြပါတယ်။ တင်ဆက်ပြသမှုနဲ့ဇာတ်လမ်းရဲ့ကောင်းမွန်မှုကိုတော့ အထူးပြောပြနေစရာလိုမယ်မထင်ပါဘူး ။ အခုပြောချင်လွန်းလို့မိတ်ဆွေတွေကိုတင်ဆက်ပေးချင်တာကတော့ GOT season 8 မှာမမျှော်လင့်ပဲ ထပ်ပါသွားခဲ့အမှားလေးတစ်ခုအကြောင်းပါပဲ။

Iron Throne from HBO’s Game of Thrones will be in Vancouver March 23 (CNW Group/Movie Central) (CNW Group/HBO Canada)

Season 8 ရဲ့အပိုင်းလေးမှာပါဝင်သွားခဲ့တဲ့ ကော်ဖီခွက်လေးကြောင့်လည်း ပရိသတ်တွေကြားထဲမှာ လှုပ်ခတ်သွားတဲ့ လှိုင်းဟာမသေးပါဘူး ။ လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန်ဆွေးနွေးတဲ့အထိဖြစ်သွားခဲ့ပြီး ကော်ဖီBrand တစ်ခုအတွက်အမြတ်အစွန်း၂.၃ ဘီလီယံထိရရှိသွားနိုင်တယ်ဆိုတဲ့ တွက်ချက်မှုတစ်ခုထွက်လာလောက်တဲ့အထိ ကြီးမှားခဲ့ပါတယ်။ နောက်ဆုံးဇာတ်သိမ်းပိုင်းဖြစ်တဲ့ Season 8ရဲ့အပိုင်း၆မှာလည်းနောက်ထပ်အလားတူ အမှားတစ်ခု ထပ်ပါလာခဲ့ပါတယ်။ အဲ့ဒီအခန်းမှာ ပါဝင်သွားတဲ့ အမှားလေးဟာဆိုရင်လည်း အင်မတန်နည်းပါးတဲ့အချိန်ပိုင်းလေးတစ်ခုသာဖြစ်ပေမယ့်လို့ ပရိသတ်တွေကလည်းမြင်ဖြစ်အောင်မြင်သွားကြတာပါ။

အဲ့ဒီအမှားလေးကတော့ ခုနှစ်ပြည်ထောင်အတွက် ဘုရင်ရွေးချယ်ဖို့တိုင်ပင်ဆွေးနွေးကြတဲ့အခန်းမှာ Sam ရဲ့ခြေထောက်နားမှာပါဝင်သွားတဲ့ ရေသန့်ဘူးလေးပါပဲ။ အခုအမှားအတွက်လည်းတချို့ပရိသတ်တွေကတော့ နောက်ဆုံးဇာတ်သိမ်းဖြစ်တဲ့အလျောက် ဝမ်းနည်းပူဆွေးနေကြတဲ့အချိန်မှာ ငိုအားထက်ရယ်အားသန်ဆိုသလိုဖြစ်ခဲ့ကြရပါတယ်။ ဒီအမှားအတွက်လည်း ဘယ်ရေသန့်ကုမ္ပဏီကများ ဘယ်လောက်အမြတ်ငွေတွေရရှိသွားမလဲဆိုတဲ့ တွက်ချက်မှုတွေထွက်ပေါ်လာမလဲဆိုပြီးစိတ်ဝင်စားမှုတွေမြင့်တက်နေပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာလည်း ကြည့်ရှုသူတွေကသူတို့ရဲ့အမြင်တွေကို ရေးသားပြီး ထင်ထားကြတာကိုလည်းတွေ့ရပါတယ်။ မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း မျှဝေပေးသွားကြပါဦးခင်ဗျာ။

Comments are closed.