ထူးအိမ်သင်အသံလားထင်ရလောက်တဲ့ လင်းခက်ရဲ့ သီချင်းဗီဒီယို

ထူးအိမ်သင်အသံလားထင်ရလောက်တဲ့ လင်းခက်ရဲ့ သီချင်းဗီဒီယို

The Voice Myanmar season 2 ရဲ့ Blind Audition တုန်းက Coach တွေကိုပျော်ရွှင်စေခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ Battle Round မှာ Coach ရန်ရန်ချမ်းရဲ့ အဖွဲ့ကနေရွေးချယ်ခြင်းမခံခဲ့ရပေမယ့် Coach Rဇာနည်က Stealလုပ်ပြီးပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့အခွင့်ရေးပေးခဲ့တဲ့ ပြိုင်ပွဲဝင် လင်းခက်ကိုတော့ သိကြမယ်ထင်ပါတယ်။ အခုကျနော်တို့ပျော်ချင်လွန်းလို့မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ The Voice ရဲ့Blind Audition အဆင့်မရောက်ခင်မှာဝင်ရောက်အရွေးခံရတဲ့ Online Auditionအဆင့်တုန်းက လင်းခက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Videoဖိုင်လေးပဲဖြစ်ပါတယ်။

လင်းခက် ကသူ့ရဲ့ Online Audition အဆင့်ကို ထူးအိမ်သင်ရဲ့ အကောင်းဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး အစိမ်းရောင်ရက်စွဲတေးစီရီးထဲက သီချင်းတစ်ပုဒ်လည်းဖြစ်တဲ့ မဟာဝီရ အို…ဗုဒ္ဓ သီချင်းကို ဂစ်တာနဲ့Coverပြန်တီးဆိုပြီး ဝင်ရောက်အရွေးခံခဲ့တာပါ။ သူရဲ့ သီဆိုဟန်နဲ့ကတော့ထူးအိမ်သင်ရဲ့လွှမ်းမိုးမှုတွေ ပါဝင်နေပေမယ့်လို့ ပြန်လည်တီးခတ်ထားတဲ့ပုံစံကတော့ တမူထူးခြားနေပြီး အားလုံးကို သဘောကျနှစ်ခြိုက်စေမှာသေချာပါတယ်။

ရဲ့ အဆိုပြိုင်နိုင်မှုနဲ့ သူရဲ့ဂီတအပေါ်မှာအတိုင်းသားမြင်ရမယ့် Video လေးဖြစ်တာကြောင့် မိတ်ဆွေတို့မကြည့်ရမရှိလေအောင် ပြန်လည်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီVideo လေးကို ကြည့်ပြီး မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်ပြောပြေပေးသွားပါ့ဦးခင်ဗျာ။

Comments are closed.