“ဟစ်တိုင်” ကြည့်ဖူးသူတိုင်း ချစ်မဝဖြစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

“ဟစ်တိုင်” ကြည့်ဖူးသူတိုင်း ချစ်မဝဖြစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

လူကြီးတွေထက်တောင် သရုပ်ဆောင်ကောင်းလွန်းလို့ ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ လတ်တလောပြသနေတဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဥဒေါင်းငယ်လေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒေါင်းနီရဲ့သမီးလေး ဥဒေါင်းငယ်အနေနဲ့ သရုပ်ဆောင်ပီပြင်လွန်းလို့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြည့်ဖူးသူတိုင်း ရင်နင့်အောင် ခံစားသွားရစေတဲ့ သမီးလေးဆိုလည်း မမှားပါဘူး။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက် သရုပ်ဆောင်လည်းကောင်း၊ ချစ်ဖို့လည်းကောင်းတဲ့ သမီးလေး ပြည့်ပြည့်ရဲ့ပုံရိပ်တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သရုပ်ဆောင်လုပ်ရတာကို ဝါသနာပါတဲ့ ပြည့်ပြည့်လေးကတော့ လိမ္မာရေးခြားလည်း ရှိလွန်းတာမို့ သူနဲ့အလုပ်အတူလုပ်ဖူးသူတွေတိုင်း သဘောကျချီးကျူးကြရတဲ့ သမီးလေးပဲ ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ တလောက ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာလည်း ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အရယူထားနိုင်ခဲ့ပါသေးတယ်။\

အသက်ငယ်ငယ်လေးနဲ့ အရည်အချင်းအပြည့်အဝရှိတဲ့ ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ သူမရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ရုံတင်ဖို့ရှိသေးသလို၊ တစ်ခြားသော ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဟစ်တိုင်ဇာတ်ကားမှ ဥဒေါင်းငယ် တစ်ဖြစ်လဲ ပြည့်ပြည့်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Hit Tine’s Facebook

Comments are closed.