Song Hye Kyo ကို သက်ရှိ Rapunzel လို့ပြောလိုက်တဲ့ မင်းသမီး Moon So Ri ရဲ့ သမီးလေး

Song Hye Kyo ကို သက်ရှိ Rapunzel လို့ပြောလိုက်တဲ့ မင်းသမီး Moon So Ri ရဲ့ သမီးလေး

ကိုရီးယားထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ကတော့ ချောမောလှပလွန်းသူပဲ ဖြစ်ပါတယ်။ အသက် (၃၇) နှစ်အရွယ်ကို ရောက်လာပြီဖြစ်ပေမယ့် သူမရဲ့နုပျိုပြေပြစ်ပြီး မြင်သူတကာငေးမောရလောက်တဲ့ အလှတရားကို ပိုင်ဆိုင်ထားဆဲပါ။ Moon So Ri ရဲ့ သမီးလေးကလည်း Song Hye Kyo ရဲ့ အလှကို Rapunzel အရုပ်မကလေးနဲ့ ခှိုင်းနှိုင်းကာ ပြောကြားသွားခဲ့ပါတယ်။ ဒါကို သူမရဲ့အမေဖြစ်တဲ့ မင်းသမီးMoon So Ri က SBS Power FM radio မှာ ပြန်လည်ဖောက်သည်ချသွားခဲ့တာပါ။

မေလ (၂၀) ရက်နေ့က Moon So Ri နဲ့ Park Hyung Sik တို့ဟာ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ “Juror 8” ကို ပရိုမိုးရှင်း ပြုလုပ်တဲ့အနေနဲ့ SBS Power FM radio show ရဲ့“Park Sun Young’s CineTown”အစီအစဉ်မှာ ပါဝင်သွားခဲ့ပါတယ်။

အဲဒီမှာ Moon So Ri က သူ့ရဲ့သမီးငယ်လေးနဲ့ Song Hye Kyo တို့ကြားက ချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖောက်သည်ချသွားခဲ့တာဖြစ်ပါတယ်။ “တစ်ခါတုန်းက Song Hye Kyo က ကျွန်မအိမ်ကို အလည်လာရင်း သမီးလေးအတွက် Rapunze အရုပ်လေးဝယ်လာခဲ့တယ်။

Song Hye Kyo ဟာ ကမ္ဘာပေါ်မှာအလှဆုံး ‘အန်တီ Rapunzel’ ဆိုပြီး ကျွန်မရဲ့သမီးလေးက ပြောခဲ့ပါတယ်”လို့ Moon So Ri က ပြောဆိုသွားခဲ့တာပါ။ ဆက်လက်ပြီး Moon So Ri က သူမနဲ့ Park Hyung Sik တို့နှစ်ယောက်ဟာ Song Hye Kyo နဲ့ Song Joong Ki တို့ရဲ့မင်္ဂလာဆောင်မှာ စတင်တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါသေးတယ်။

“သူ့ကို ကျွန်မစတင်တွေ့ဆုံခဲ့တုန်းက သူ့ပုံစံက ချောမောာပြီးဆွဲဆောင်မှုရှိတယ်။ ပြီးတော့ အေးဆေးတည်ငြိမ်တယ်”လို့ Moon So Ri က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ Moon So Ri နဲ့ Park Hyung Sik တို့နှစ်ယောက် ပါဝင်ရိုက်ကူးထားတဲ့ “Juror 8”ဇာတ်ကားက မေလ (၁၅) ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး လူကြိုက်များလျက်ရှိနေပါတယ်။

Ref Soompi
Mia(Momolay)

Comments are closed.