PUBG player တွေကြား အထူးရေပန်းစားနေတဲ့ အလန်ဝေါ်ကာရဲ့ On My Way သီချင်း

PUBG player တွေကြား အထူးရေပန်းစားနေတဲ့ အလန်ဝေါ်ကာရဲ့ On My Way သီချင်း

ယနေ့ ခေတ် လူငယ်တော်တော်များများဟာ အလုပ်တွေပိ၊ ကျောင်းစာတွေပိပြီး Stress တွေများနေတဲ့အခါမျိုးမှာ စိတ်ထွက်ပေါက်ရှာဖို့ အတွက် သီးသန့် ဝါသနာတစ်မျိုးစီရှိကြတာကို တွေ့ ရပါတယ်။ စိတ်အပန်းပြေဖို့ အတွက် လူငယ်တွေဟာ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ ဂိမ်းကစားခြင်းတို့ ကို ပြုလုပ်လေ့ရှိကြပြီး အထူးသဖြင့် အခုနောက်ပိုင်းမှာ စမတ်ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့တာကို လူကြီး၊လူငယ်မရွေး ပြုလုပ်လာကြတာတွေ့ ရပါတယ်။

လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ ရေပန်းအစားဆုံး Mobile game တွေကတော့ PUBG, Mobile Legends, Cyber Hunter … စတဲ့ shooting game/ adventure game အမျိုးအစားတွေဖြစ်ပြီး PUBG game ကတော့ Graphic အကောင်းဆုံးနဲ့ ဆော့ကစားနိုင်တာကြောင့် မြန်မာနိုင်ငံက လူငယ်တွေကြားမှာတော့ ရေပန်းအစားဆုံး Mobile game လို့ ပြောရင်လည်းမမှားပါဘူး။

PUBG game ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ ခေတ်စားနေတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး Collaboration လုပ်လေ့ရှိတာကြောင့်ပါပဲ၊ ယခုဆိုရင်လည်း PUBG game ဟာ မကြာခင်မှာရုံတင်ပြသတော့မယ့် Gozilla ရုပ်ရှင်နဲ့ collaboration လုပ်ထားတဲ့ feature တစ်ချို့ ကိုလည်း ဂိမ်းထဲမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ ထို့ အပြင် ကမ္ဘာကျော် DJ Producer တစ်ယောက်ဖြစ်တဲ့ Alan Walker နဲ့ လည်း collaboration လုပ်ထားတာဖြစ်ပြီး ဂိမ်းကစားရင်း ငြီးငွေ့ မလာစေဖို့ အတွက် Alan ရဲ့ ခပ်မိုက်မိုက်သီချင်းတွေကိုလည်း ဂိမ်းကစားရင်း နားဆင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ PUBG game ရဲ့ theme song ကတော့ Alan Walker ရဲ့ On My Way သီချင်းဖြစ်ပြီး မြန်မာနိုင်ငံက PUBG player တွေနဲ့ ဂီတချစ်သူပရိသတ်တွေကြားမှာ အထူးရေပန်းစားနေတာကိုတွေ့ ရပါတယ်။ Alan Walker ကိုယ်တိုင် produce ထားတဲ့ On My Way သီချင်းမှာ အဆိုတော် Sabrina Carpenter နဲ့ Farruko တို့ က ပါဝင်သီဆိုပေးထားတာဖြစ်ပြီး music video ကိုလည်း version မျိုးစုံနဲ့ ထုတ်လုပ်ရိုက်ကူးထားတာတွေ့ ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံက PUBG player တွေကြားမှာ ရေပန်းစားနေတဲ့ On My Way သီချင်းကို နားမထောင်ရသေးတဲ့ ပရိသတ်တွေအတွက် အောက်မှာ video နဲ့ တကွ တင်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.