
လမ်းခွဲသွားတဲ့ ချစ်သူကို ပြန်လည်သတိရပြီး ဖီးလ်လို့ကောင်းတဲ့ ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းအသစ်
နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ ရဲလေးဟာ ရုပ်ရည်ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရပါတယ်။ ရဲလေးက သူ့ရဲ့ ဆယ်စုနှစ်တစ်ခုစာလောက်ရှိတဲ့ အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

သီချင်းကောင်းတွေကို ဖန်တီးရေးသားတတ်တဲ့ ရဲလေးက ဒီနေ့မှာတော့ သူ့ရဲ့ သီချင်းအသစ်စက်စက် တစ်ပုဒ်ကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ထိုသီချင်းလေး နာမည်ကတော့ “အရူးကမ္ဘာ” လို့ အမည်ရပြီး လမ်းခွဲသွားတဲ့ ချစ်သူကောင်မလေးကို သတိရလွမ်းဆွတ်နေတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

“အရူးကမ္ဘာ” သီချင်းလေးမှာ ရဲလေးနဲ့အတူတူ NJ ကလည်း ပါဝင်အားဖြည့်သီဆိုထားတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရဲလေးရဲ့ သီချင်းအသစ်ဖြစ်တဲ့ “အရူးကမ္ဘာ” သီချင်းလေးကို ခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
ရဲလေး – အရူးကမ္ဘာ
ချစ်သူနဲ့ လမ်းခွဲထားတဲ့ သူတွေအတွက်တော့ ဒီသီချင်းလေးက အကြီးအကျယ်
ဖီးလ်စေမှာဖြစ်ပါတယ်။ ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းလေးကို ကြိုက်နှစ်သက်ရင်
Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့
ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: YLJK Entertainment