ခံယူချက်တွေတူပေမယ့် အနေအထားခြင်းမတူတဲ့ ပတ် ဝန်း ကျင်မှာနေရလို့ အထင်အမြင် လွဲမှားသွားစေနိုင်တဲ့ ဖေ့ဘွတ်အကောင့်တုရဲ့ ပိုင်ရှင်ကို မေတ္တာရပ်ခံလာတဲ့ ကောင်းကောင်း

အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ကောင်းကောင်း ကတော့ ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု တွေကို အပြည့်အဝရရှိထားပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းများစွာကို ထွက်ရှိထားပြီး သူ့ရဲ့ တေးသီချင်းတွေကတော့ ပရိသတ်အများဆုံး ကြိုက်နှစ်သက်မှုကို ရရှိထားတာ တွေ့ရပါတယ်။

အနုပညာနယ်ပယ်မှာလည်း တစ်ဖက်ကမ်းခတ် ထူးချွန်သူဖြစ်သလို မိသားစုအပေါ်မှာလည်း တကယ့်ကို တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦး စီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာလည်း ကောင်းကောင်းဟာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီး ပြည်သူတွေနဲ့အပြည့်အဝရပ်တည်ထားတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့အချိန် ဖေ့ဘွတ်အကောင့် တုတစ်ခုကို မေတ္တာရပ်ခံလာတာ တွေ့ရပါတယ်။

ဒါကတော့ သူ့ရဲ့ နာမည်နဲ့ ရုပ်ပုံပါတဲ့ ဖေ့ဘွတ် အကောင့်တစ်ခုကြောင့် ပြည်သူတွေ အထင်အမြင်လွဲမှားစေသော post မတင်ဖို့ပြောခဲ့တဲ့ အပြင် ခံယူချက်နဲ့ အနာဂတ်အိပ်မက်တွေ တူပေမယ့် နေရတဲ့ ပတ်ဝန်းကျင်အနေအထားခြင်းမတူကြလို့ ယင်းအကောင့်အား အခြားသော နာမည်၊ ရုပ်ပုံနဲ့ ပြန်လည် change ပေးဖို့ အကောင့်ပိုင်ရှင်အားတလေးတစား မေတ္တာရပ်ခံလာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ တစ်သားတည်ရှိနေတဲ့ အဆိုတော် ကောင်းကောင်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အဆင်ပြေအောင် ပရိသတ်တွေ ကလည်း ဆုတောင်းပေးလိုက်ပါဦးနော်…။

သတင်းအရင်းအမြစ်៖ Source – Kaung Kaung Vocalist

Advertisement

[zawgyi]




Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*