
ကျောက်ကပ်ဆေးပြီးနောက်ပိုင်း စကားအနည်းငယ်ပြောနိုင်ပြီဆိုတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေ
အရည်အချင်း ပြည့်ဝတဲ့ အနုပညာနဲ့ တစ်ခေတ်တစ်ခါက ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ဖူးတဲ့ ဟာသသရုပ်ဆောင်ကြီး ဦးမန်းဝင်းကတော့ လက်ရှိမှာ ၂၁နှစ်တာခံစားခဲ့ရတဲ့ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ဆေးပြီး အသက်ဆက်နေရတာပါ။ လတ်တလောမှာတော့ ဦးမန်းဝင်းက ကျောက်ကပ်မဆေးရတာ ရက်ခြားသွားလို့ ဆီးဆိပ်တွေအရမ်းတက်ပြီး ဆေးရုံသို့သွားပြီး အလျင်အမြန် ကျောက်ကပ်ဆေးခဲ့ရတာပါ။ ကျောက်ကပ်ဆေးပြီးနောက်ပိုင်းမှာတော့ ဦးမန်းဝင်းတစ်ယောက် စကားအနည်းငယ် ပြောနိုင်ပြီဖြစ်ပြီး၊ မျက်လုံးလည်းဖွင့်နိုင် ခေါင်းလည်းထူနိုင်ပြီလို့ သိရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကျောက်ကပ်ဆေးပြီးနောက်ပိုင်း စကားအနည်းငယ်ပြောနိုင်ပြီဆိုတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးမန်းဝင်းရဲ့သမီးတွေကတော့ “ဦးမန်းဝင်း ကျောက်ကပ်ဆေးပြီးနောက် စကားအနည်းငယ်ပြောနိုင်ပြီး မျက်လုံးလည်းဖွင့်နိုင် ခေါင်းလည်းထူနိုင်ပါပြီ။ လမ်းသိပ်မလျှောက်နိုင်သေးပါဘူး။ သက်တောင့်သက်သာဖြစ်စေဖို့ နေအိမ်မှာပဲ ဆေးရုံကုတင် ၀ယ်ပေးထားပါတယ်။ သွေးအတက်အကျကိုတော့ ၂နာရီတစ်ခါ တိုင်းပြီးစောင့်ကြည့်နေပါတယ်။ မေတ္တာရှေ့ထားပြီး ဆုတောင်းပေးကြတဲ့ ၇ရက်သားသမီးများအားလုံး ကျန်းမာကြပါစေ။” ဆိုပြီး သရုပ်ဆောင်ကြီး ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေကို ပြောပြထားတာပါ။

ကျန်းမာရေးမကောင်းတဲ့ အနုပညာရှင် ကြီးဦးမန်းဝင်းကိုတော့ အနုပညာရှင်အချင်းချင်းနဲ့ ပရိသတ်တစ်ချို့က တတ်နိုင်သလောက် ကူညီစောင့်ရှောက်နေကြတာ တွေ့ရပါတယ်။ ဦးမန်းဝင်းကတော့ အခုလက်ရှိမှာ ကျောက်ကပ်ဆေးနေရတာ အကြိမ် ရာကျော်တောင် ရှိသွားပြီလို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဦးမန်းဝင်းတစ်ယောက် ရောဂါဝေဒနာတွေ အမြန်ဆုံးသက်သာပြီး ဘဝကို မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါဦးနော်။
Myint Myat
Source:Mn Win’s Facebook