သားငယ်လေးမွေးပြီး၉ရက်ကြာမှာဆုံးရှုံးခဲ့ရတာကြောင့် သားရဲ့အငွေ့အသက်တွေရှိအိမ်က ထွက်သွားတော့ ယ်ဆိုတဲ့ TikTokဟာသသရုပ်ဆောင်ဆယ်လီ မယ်အိ

မယ်အိလို့ပြောလိုက်တာနဲ့ TikTok မှာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ video လေးတွေတင်တင်နေတတ်တဲ့သူဆိုတာ သိကြမှာပါ။

သူမအနေနဲ့ အမြဲ မရိုးနိုင်တဲ့ ဟာသတွေနဲ့ ခင်ပွန်းသည်နဲ့အတူ ဟာသလးတွေ ရိုက်ကူးကာ ပျော်ပျော်နေတတ်တဲ့ သူတို့မိသားစုလေးက တော့ လက်ရှိမှာ ရင်နင့်ဖွယ်အဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

သမီးလေး၂ယောက်ကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်းထားတဲ့သူတို့မိသားစုမဗာ သားချောလေးကို မွေးဖွားခဲ့ပြီး နောက်၉ရ က် မြော က်နေ့မှာ သားငယ်လေးကိုဆုံးရှုံးခဲ့ရတာပါ။

”သားအတွက် ရက်လည်ကုသိုလ်လေးလုပ်ပီးရင်မေမေတို့ အိမ်မှာမနေတော့ဘူး သားလေး…သားလေးရှိခဲ့တဲ့ အိပ်ခန်းထဲကိုမေမေ့မှာ မဝင် ရဲဘူး..အိပ်ခန်းထဲရောက်သွားတာနဲ့ရင်ကွဲအောင် ငိုရတယ် သားရယ်…မေမေ ဘယ်ရောက်ရောက်ထွက်သွားတော့ မယ်..စိတ်လေး ဖြေနိုင် မှ မေမေ အိမ်ပြန်လာတော့မယ်”

Advertisement

သားလေးရယ် မေမေက သားလေးနေခဲ့တဲ့ အခန်းထဲ ရောက်ရင်အရူးလိုဘဲ အော်ဟစ် ငိုနေတော့ သားဖေဖေရော သားမမတေရော စိတ် မချမ်းသာကြရှာဘူး…

မေမေ သားနဲ့ အတူရှိခဲ့တဲ့ အိမ်လေးကနေခနတော့ ထွက်သွားပါရစေ…ဖေဖေရော မမတေရောက မေမေ မငိုရင် ရဘီတဲ့…သားလေး ပြန်လာဖို့ ကြိုးစားရင်းမေမေတော့ အိမ်နဲ့ဝေးရာကို ပတ်သွားနေလိုက်မယ်သား…

ခနလောက်ထွက်ပြေးလိုက်တဲ့သဘောပါသားရယ်..”ဆိုတဲ့စာလေးနဲ့မယ်အိရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။ တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါပဲနော်။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*