နှစ်ယောက်အတူတွဲ သရုပ်ဆောင်ထားတဲ့ ပထမဆုံးရုပ်ရှင်အထူးပြပွဲကို ရွှေလက်တွဲပြီး ပွဲတက်လာတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နှစ်ယောက်အတူတွဲ သရုပ်ဆောင်ထားတဲ့ ပထမဆုံးရုပ်ရှင်အထူးပြပွဲကို ရွှေလက်တွဲပြီး ပွဲတက်လာတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

ရွှေရွှေစုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်ရွှေထူးနဲ့ မင်းသမီးချောလေး ရေဖွှမှုံရတီတို့စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအချစ်ပို ဖမ်းစားနိုင်တဲ့ စုံတွဲလေးပါပဲ..။

အနုပညာလမ်းကြောင်းမှာ ပရိသတ်တွေ ကိုယ်စီနဲ့ အောင်မြင်မှုတွေ အခိုသ်ပမာရရှိထားသလို အားကျစရာကောင်းလောက်အောင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း တွေ့ရပါတယ်..။

အနုပညာအလုပ်တွေအတူ လုပ်တွဲလုပ်ဆောင်နေတဲ့ ရွှေရွှေစုံတွဲလေးကတော့ အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေသလို နှစ်ယောက်အတူတွဲ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အထူးပြပွဲလေးကိုလည်း တက်ရောက်လာခဲ့တာ တွေ့ရပါတယ်..။

သူတို့ဇနီးမောင်နှံလေးရဲ့ ပထမဆုံးအတူ သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကို တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်..။

အခမ်းအနားပွဲလေးကိုလည်း တစ်ယောက်လက်ကိုတစ်ယောက် တွဲလက်တွေ မလွှတ်စတမ်း ရွှေလက်တွဲပြီး ကြည်ကြည်နူးနူးလေး ပွဲတက်လာတဲ့ ပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တိုင်းကို အားမကျပဲ မနေနိုင်လောင်အောင်ပါပဲနော်..။

ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်အထူးပြပွဲကိုတော့ မေ(၂၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်နော်..။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – 7th Sense Film Production

Comments are closed.