
ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ပရဟိတလုပ်မယ့် ကျော်ကျော်နန္ဒ
ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေ စိတ်ဝင်စားစေခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ (၁၀)စုနှစ် တစ်ခုရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သူများနဲ့မတူတဲ့ ဖက်ရှင်တွေနဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေရလောက်အောင် တော်တော်လေး ရေပန်းစားလှပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း သူအရမ်းချစ်မြတ်နိုးပြီး ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

စိတ်ထားကောင်းပြီး အလှူဒါနလက်နဲ့ မဝေးတဲ့ ကျော်ကျော်နန္ဒက မကြာခင်မှာ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ပရဟိတ လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်တော့မယ် လို့သိရပါတယ်။ ကျော်ကျော်နန္ဒက သူရဲ့ အလှူလေးအကြောင်းကို အခုလို ပြည့်ပြည့်စုံစုံ ပြောထားပါတယ်။

“ကျွန်တော့ကို ရခိုင်ပြည်နယ် မြောက်ဦးဘက် ဒေသအချို့ ၏ စစ်ဘေးနှင့် လေဒဏ်ခံနေရတဲ့ မိသားစုများရှိရာ ဒေသတွေအတွက် ပရဟိတလာလုပ်ပေးရန်အကူညီ လာတောင်းသောကြောင့် ကျွန်တော်ပရဟိတအလှူ ဖျော်ဖြေပွဲနှင့် ငွေကြေးများ အခြားလှူဖွယ်ပစ္စည်းများကို ၄ရက် ၆လပိုင်း ၂၀၁၉ ရက်နေ့ သွားလှူပါမယ်။”

” အဲ့ဒီအတွက် ကျွန်တော်နဲ့ အတူ ပါဝင်လှူဒါန်းလိုသည့် ပရိသတ်များ အဖွဲ့ အစည်းများ အနုပညာ မောင်နှမများ အချိန်မှီ ငွေသော်လည်းကောင်း ပစ္စည်းများသော်လည်းကောင်း ဖုန်း 09400400010 ကို ဆက်သွယ် ပါဝင်ကုသိုလ်ပြုကြဖို့ ဖိတ်ခေါ်ပါသည်။ ယခုလ ၅လပိုင်းလကုန်ရက်ထိ နောက်ဆုံးထားလှူဒါန်းပေကြပါရန် လေးစားစွာဖြင့်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲပြောထားပါတယ်။

ကျော်ကျော်နန္ဒကတော့ အများကောင်းကျိုးအတွက် ပရဟိတလုပ်ငန်းတွေကို စိတ်ရောလူပါနစ်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ရခိုင်ဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းလိုပါက ကျော်ကျော်နန္ဒနဲ့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Source: Kyaw Kyaw Nanda’s fb