မင်္ဂလာနှစ်ပတ်လည် (၁) နှစ်ပြည့်လေးမှာ ဘောလုံး ဘောင်းဘီနဲ့ တောထဲရောက်နေကြတယ်ဆိုတဲ့ အောင် မြင့်မြတ်

ဥပါယ်တံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ်ကတေ့ာ ပရိတ်သ တ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင့်မြတ်က ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ် မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ်ကတော့ သူချစ်ရတဲ့ ဇနီးလေးနဲ့ မနှစ်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ မင်္ဂလာနှစ်ပတ်လည် (၁) နှစ်ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာမဆောင်ခင်က စိတ်ကူးထားသလို ဖြစ်မလာဘဲ အခုလက်ရှိနှစ်ပတ်လည်နေ့လေးမှာ အောင်မြင့်မြတ်တို့ လင်မယားနှစ်ယောက်လုံးက တောထဲရောက်နေကြတဲ့ ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ လောကကြီးမှာ နောင်သူတို့ ဇနီးမောင်နှံရဲ့ နှစ်နှစ်ပြည့် သုံးနှစ်ပြည့် Anniversary တွေကျရင်ရော ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်နေကြပါသေးတယ်။ 

သူချစ်ရတဲ့ ဇနီးလေးက သူ့ကိုဘာမှမပြောတဲ့အပြင် သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်လာဆိုတဲ့ အကြောင်းလေးကို ” 20.12.20 မှာ မင်္ဂလာဆောင်တယ်..

မညားခင်တော့ ညားပြီးရင်

Advertisement

ဘယ်လိုထားမယ် ညာလိုထားမယ်

ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့..

ဒီနေ့ 20.12.21 မှာ တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ 😅😅😅

သူကလဲ ဘာမှမပြောပါဘူး

Advertisement

ကောက်ကောက်နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတာပါပဲ..

မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင်

စုံအောင်မတင်လိုက်ရပါဘူး

မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာ

Advertisement

မင်္ဂလာဆောင်ပြီးတာတောင် တစ်နှစ်ပြည့်သွားပါရော…


Source : Aung Myint Myat’s Facebook Acc

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*