ဧည့်သည် ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို တက်ရောက်လာတဲ့ ရွှေထူးတို့ဇနီးမောင်နှံ

ဧည့်သည် ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို တက်ရောက်လာတဲ့ ရွှေထူးတို့ဇနီးမောင်နှံ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ ဇနီးမောင်နှံဟာဆိုရင် လူငယ်ပရိသတ်တွေ ရဲ့ စိတ်ဝင်စားခြင်းခံထားရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ က တစ်ဦးကို တစ်ဦး တန်ဖိုးထားချစ်ခင်ကြသလို မရိုးနိုင်အောင် ရိုဆန်တဲ့ စုံတွဲလေးလို့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ လည်း အတူတွဲလုပ်လာကြတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေ အတွက် ရွှေထူးနဲ့ ရွှေမှုံ တို့ရဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကား ရဲ့ Red Carpet Show တက်ရောက်ခဲ့တဲ့ ပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် ရွှေထူးနဲ့ ရုပ်ရှင် သရုပ်ဆောင် ရွှေမှုံရတီ တို့ဇနီးမောင်နှံဟာဆိုရင် ဧည့်သည် ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရင်း စတွေ့ကြတာလို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားလေးက သူတို့ နှစ်ယောက်ကို တွေ့ဆုံးပေးခဲ့တဲ့ အမှတ်တရ ရုပ်ရှင် ဇာတ်ကားလို့ ပြောရင်းလည်း မမှားပါဘူး ပရိသတ်ကြီးရေ။

ခုဆိုရင် ဧည့်သည် ရုပ်ရှင် ဇာတ်ကားက မကြာခင်မှာပြသတော့မှာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီ တို့က မကြာခင်မှာ ပြသတော့မယ့် ဧည့်သည် ရုပ်ရှင် ဇာတ်ကား ရဲ့ Red Carpet Show ကို အနုပညာရှင်များစွာနဲ့ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဧည့်သည်ရုပ်ရှင် ဇာတ်ကားမှာ ဆိုရင် ရွှေထူးနဲ့ အတူ သရုပ်ဆောင် ရွှေမှုံရတီ၊ နေခြည်ဦး နဲ့ ဧည့်သည် သရုပ်ဆောင် ဖြိုးငွေစိုး တို့ပါရှိပြီး ၊ လေးပွင့်ဆိုင် အချစ်ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဧည့်သည် ရုပ်ရှင် ဇာတ်ကား ရဲ့ Red Carpet Show ပွဲတက်ရောက်လာတဲ့ ဇနီးမောင်နှံ

အဆိုတော်ေ၇ွှထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.