ချစ်သူလေးက သည်းသည်းလှူပ်စိုးရိမ်စိတ်ပူတာခံလိုက်ရတဲ့ နေခြည်ဦး

ချစ်သူလေးက သည်းသည်းလှူပ်စိုးရိမ်စိတ်ပူတာခံလိုက်ရတဲ့ နေခြည်ဦး

နေခြည်ဦးဟာဆိုရင် Beauty Blogger ဘဝကနေ မင်းသမီးတစ်လက်ဖြစ်လာပြီး ပရိသတ်တွေရဲ့အားပေးမှူကိုလည်းရထားကာ အနုပညာရှင်တော်တော်များများရဲ့ချီးကျူးစကားသံတွေကိုလည်းပိုင်ဆိုင်ထားတဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးမှာ အရမ်းချစ်တဲ့ချစ်သူကောင်လေးလည်းရှိပြီး သူတို့နှစ်ယောက်ရဲ့တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြင်နာပြီးလိုက်ဖက်လွန်းတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေသဘောတူပြီး ဝိုင်းချစ်နေရတဲ့ စုံတွဲလေးဆိုရင်လည်းမမှားပါဘူး။

နေခြည်ဦးက ချစ်သူကောင်လေးနဲ့ချစ်သူသက်တမ်းအတန်ကြာပြီဖြစ်ပြီး အလည်မှာပြတ်လိုက်သေးတယ်လို့သိရပါတယ်။ နောက်ပြီးတော့မှ နှစ်ယောက်သားပြန်ညှိလို့ရသွားပြီး ပြန်အဆင်ပြေသွားလို့ ပရိသတ်တွေပျော်ရွင်ခဲ့ရပါသေးတယ်။ နေခြည်တို့စုံတွဲလေးက ချစ်သူအောင်နွေဦးရဲ့မွေးနေ့အထိန်းအမှတ်အနေနဲ့နေခြည်နဲ့အတူ အလှူရေစက်လက်နဲ့မကွာကုသိုလ်တွေပြုခဲ့တာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့အချစ်တွေကိုပိုတိုးလို့ရခဲ့စေတယ်ဆိုရင်လည်းမမှားပါဘူး။ သာယာပျော်ရွှင်တဲ့အချစ်ရေးကိုပိုင်ဆိုင်ထားတဲ့နေခြည်က အခုတစ်ခါ ပရိသတ်တွေအားကျရလောက်အောင်ပဲ ချစ်သူရဲ့သည်းသည်းလှူပ်ဂရုစိုက်ခြင်းကိုခံလိုက်ရပြန်ပါတယ်။

နေခြည်က နေမကောင်းလို့ မကြာခင်မှာရုံတင်တော့မယ့် ဧည့်သည်ဇာတ်ကားကြီးရဲ့ Press show ကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး သူမရဲ့လူမှူကွန်ယက်မှာတောင်းပန်ထားပြီး ဧည့်သည်ဇာတ်ကားကြီးကို ပရိသတ်တွေနဲ့အတူတူကြည့်ဖို့စီစဉ်ထားကြောင်းလည်း တင်ထားခဲ့ပါတယ်။ နေခြည်က ဒီနေ့ (22.5.2019) ညပိုင်းက သူမရဲ့လူမှူကွန်ယက်ပေါ်မှာ “နေခြည် အင်းလေးမှာ day night ကားရိုက်ဝင်ရင်း ရာသီဥတု အပြောင်းအလဲကြောင့် မနေ့ထဲကဖျားသွားတာ ဘယ်လိုမှမထနိုင်လို့ ဒီနေ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး press show ကိုမတက်ရောက်နိုင်တဲ့အတွက် 7th Sense Creation Team ကောသတင်းစာနယ်ဇင်းဆရာများကော press show မှာ လာဝန်းရံပေးကြတဲ့ chillies တွေကိုပါ အနူးအညွန့်တောင်းပန်ပါတယ်နော်။

၃၀ ရက်နေ့ တစ်နိုင်ငံလုံး ရုံတင်ပြသတော့မယ့် “ဧည့်သည်” ကားကို အားလုံးဝိုင်းရံပေးတဲ့ အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။ chillies တွေနဲ့ တူတူကြည့်ဖို့လဲ နေခြည်တို့ စီစဉ်နေပါတယ်။ မနက်ဖြန်မနက်လဲ shooting ရှိလို့ နေခြည်နားတော့မယ်နော်… i love you chillies so much”လို့တင်ထားခဲ့ပါတယ်။အဲဒီပို့စ်အောက်မှာ ချစ်သူအောင်နွေဦးက “ကြက်ပေါင်းနဲ့ ဆန်ပြုတ်ပို့ခိုင်းထားတယ်။ အစာစားပြီးမှ ဆေးသောက်ဦး။ I’m worried… get well soon”ဆိုတဲ့ comment လေးပေးထားခဲ့ပြီး နေခြည့်ကိုချစ်တဲ့အချစ်တွေကို တစ်လောကလုံးသိအောင်ပြသခဲ့ပါတယ်။ နေခြည့်ပရိသတ်တွေက သည်းသည်းလှူပ် အချစ်ခံရတဲ့နေခြည့်ကို အားကျနေကြပြီး နေခြည်မြန်မြန်နေကောင်းပါစေဆိုတဲ့ comment လေးတွေလည်းပေးထားကြတာတွေ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.