“ကစ်ကစ်ကွယ်လွန်ပြီ” ဆိုတဲ့ သတင်းမှာ မမှန်ကန်ဘူးလို့ ပြောလာတဲ့ ခင်သဇင်

“ကစ်ကစ်ကွယ်လွန်ပြီ” ဆိုတဲ့ သတင်းမှာ မမှန်ကန်ဘူးလို့ ပြောလာတဲ့ ခင်သဇင်

ဒီကနေ့ညပိုင်းမှာ ဟာသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေအရ ပရိသတ်တွေက တော်တော်လေး စိတ်မကောင်းဖြစ်နေကြတာပါ။ ထိုသတင်းနဲ့ ပတ်သက်ပြီး ကစ်ကစ်ကို အနီးကပ်စောင့်ရှောက်နေတဲ့ သရုပ်ဆောင် ခင်သဇင်ကအခုလိုပဲ ပြောပြထားပါတယ်။

“အခုတင် ရှုတင်ကအပြန် မကစ်ကို ကျောက်ကပ်ဆေးတာ ဝင်ကြည့်ပြီး ခုတင် ၅၀၀ ကို ပြန်ပို့ပေးခဲ့တာပါ၊ အစားလည်း မစားသလို စကားလည်း မပြောတော့ပါဘူး။ ဒီအချိန်က အားလုံး ဝိုင်းဆုတောင်းပေးကြရမယ့် အချိန်ရောက်နေပါတယ်။ ပဌာန်းလေးဖွင့်ပေးမှ မျက်စိပွင့်လာပါတယ်။ ဒီည ဆရာမ တိုင်းတာတော့ အပေါ်သွေး အောက်သွေး ပုံမှန် နဲ့ နှလုံးခုန်နှုန်း ၈၉ ပါ။ ပုံမှန်ပဲလို့တော့ ဆရာဝန်ကပြောပါတယ်။ ဒီည ဓာတ်မှန်လည်းရိုက်ခဲ့ပါတယ်။ သွေးအဖြေလည်း ကောင်းပါတယ်။ အကြောင်းစုံကတော့ မနက်ဖြန် မှ အဖြေတွေ ထပ်သိရပါမယ်။”

“အားလုံးဝိုင်းဆုတောင်းပေးကြပါ။ ဆုံးပြီလို့ မပြောကြပါနဲ့တော့နော်။ သူပြန်သိလည်း မကောင်းပါဘူး။ အတက်နိုင်ဆုံးကြိုးစားကုပေးနေပါတယ်။ ဝိုင်းဆုတောင်းပေးကြပါ။ သူ့ကို စိတ်မလျော့လိုက်ဖို့ အကြိမ်ကြိမ် မှာခဲ့ပါတယ်။ ခေါင်းညိမ့်ရှာပါတယ်။ သူ အားတင်းထားဖို့ပဲ မျှော်လင့်ပါတယ်၊ဆုတောင်းပေးကြပါနော်။” ဆိုပြီး ပြောထားပါတယ်။

ကစ်ကစ်တစ်ယောက်ကတော့ မကွယ်လွန်သေးဘူးဆိုတော့ ဝမ်းသာစရာပဲနော်။ ဒါပေမယ့် အခြေအနေကတော့ စိုးရိမ်ရတာမို့ အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Khin Thazin’s fb

Comments are closed.