
သူပျော်ရွှင်နေရင် အဝေးကကြည့်နေရလဲ ကျေနပ်တယ်ဆိုတဲ့ ရွှေထူး
ပရိသတ်တွေရဲ့သဲသဲလှုပ် ချစ်ခင်အားပေးခြင်းကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်ရှိသွားကြပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးပံ့ပိုးကူညီပေးရင်း အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ရွှေထူးကသူပျော်ရွှင်နေရင် အဝေးကကြည့်နေရလဲ ကျေနပ်တယ်ဆိုပြီး ချစ်ဇနီလေးကို ဘယ်လောက်ထိချစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ပရိသတ်တွေအတွက် သူပျော်ရွှင်နေရင် အဝေးကကြည့်နေရလဲ ကျေနပ်တယ်ဆိုတဲ့ ရွှေထူးရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “တစ်ခါတစ်လေ သူပျော်ရွှင်နေရင် အဝေးကကြည့်နေရလဲ … ကျေနပ်တယ် 💖” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ တင်ထားတာပါ။

ရွှေမှုံလေးကလည်း သူမကို အရမ်းချစ်တဲ့ ပါရမီဖြည့်ဘက်ကို ပိုင်ဆိုင်ထားလို့ ပျော်နေတဲ့အကြောင်း ပြန်ရေးသားထားပါသေးတယ်။

အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ အနာဂတ်ခရီးကို လျှောက်လှမ်းနေကြတာပါ။ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Source:Shwe Mhone Yati’s Facebook