အင်္ဂလိပ်စာမပြောတတ်တဲ့Missကိုဝေဖန်လိုက်တဲ့ နှင်းသွေးယုအောင်

အင်္ဂလိပ်စာမပြောတတ်တဲ့Missကိုဝေဖန်လိုက်တဲ့ နှင်းသွေးယုအောင်

ပဲခူးကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး Miss Universe 2018 ဆုရှင်ဖြစ်ခဲ့တဲ့ နှင်းသွေးယုအောင်ကဆိုရင်တော့ ငယ်ရွယ်ပြီး လှသွေးကြွယ်သူတစ်ဦးပါ။ Miss တစ်ယောက်အဖြစ်လိုက်ဖက်တဲ့အလှကိုပိုင်ဆိုင်ထားရုံသာမဘဲ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုလည်း အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့Sunday မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ ပရိသတ်တွေအတွက်ပြန်လည်ပြောပြပေးလိုက်ပါတယ်။

အလှမယ်တစ်ယောက်အနေနဲ့ကတော့ ကိုယ်ဖြစ်စေချင်တာကတော့ ကိုယ့်နိုင်ငံအကြောင်းပဲဖြစ်ဖြစ် ကိုယ့်အကြောင်းဖြစ်ဖြစ် ဘာသာစကားတစ်ခုခုနဲ့ အင်္ဂလိပ်ဘာသာစကားတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ ကောင်းကောင်းပြောနိုင်သင့်တယ်ပေါ့နော်။ အဲ့ဒီလိုမပြောခင်မှာ ကြိုတင်ပြင်ဆင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတွေရဲ့သဘောသဘာဝက မေးခွန်းကို တိုက်ရိုက်ကြီးချပေးတာမဟုတ်ရင်တောင် Hint လေးတွေချပြပေးတယ်။ နှင်းကိုတော့ ဘာကြိုက်တတ်လဲ ၊ ဘာအစားစာကြိုက်တတ်လဲ ဆိုတာမေးမယ်ဆိုတာမျိုးကို မသိမသာHintလေးတွေပေးတတ်တယ်။ ဒါပေမယ့်ပွဲတိုင်းဟုတ်ချင်မှဟုတ်မယ် ။နှင်းနုတို့ပွဲတွေဆိုရင် အဲ့ဒီလိုမျိုးလေးတွေရှိတယ်။ ဒီမေးခွန်းမေးမယ်လို့မပြောပေမယ့် ဘာကြိုက်တတ်လဲ လို့ ဒိုင်တစ်ယောက်ကမေးလိုက်မယ်ဆိုရင် ဒါကကိုယ်ဖမ်းရမယ့်အကွက် ကိုယ်ဖမ်းရမယ့်စကားတစ်ခု အဲ့ဒီအပေါ်မှာ ကြိုတင်ပြင်ဆင်သင့်တယ်လို့တော့တယ်။

နှင်းသွေးလည်းမသိလိုက်ဘူးရှင့် လူတွေကပြောနေကြမှဒီVideo File လေးကိုတွေ့လိုက်တယ် ။ တချို့ဆိုလည်းတော်တော်များများ ကျက်ထားတာကိုမေ့အောင် ပြောတာလား တကယ်ဆိုရင်လည်းမြန်မာလိုပဲပြောလိုက်ပါ့လား ။လို့နှင်းသွေးတွေ့တယ်ပေါ့နော်commentတွေမှာ အမှန်ဆိုရင် တချို့ပွဲတွေဆိုရင် Interpreter ရှိတယ် translator ရှိတယ်။ ကိုယ်ကမြန်မာလိုပြောမယ် သူတို့က အင်္ဂလိပ်လို့ပြန်ပြောပေးတယ်။ တကယ်လို့အဲ့ဒီလိုမျိုးရှိတယ်ဆိုရင်တော့ ကိုယ်ကမြန်မာလိုပဲပြောတာအကောင်းဆုံး။ အဲ့ဒီလိုမျိုးရှိရဲ့သားနဲ့ အင်္ဂလိပ်လိုပဲပြောတယ် ကိုယ်ကလည်းမနိုင်ဘူးဆိုရင်တော့ အဆင်ပြေဘူး။ ကိုယ့်အခြေအနေလည်းကိုယ်သိသင့်တယ်ပေါ့နော်။ အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တဲ့သူလား အဆင်မပြေတဲ့သူလားဆိုတာကိုယ့်ကိုယ်ကိုယ်အသိဆုံးဆိုတော့လေ ။ Interpreter ရှိတဲ့ပွဲဆိုရင်တော့ ကိုယ့်ဘာသာကိုမပြောဘဲနဲ့ သူများကိုပြောစေချင်တယ်ပေါ့။ ဒါပေမယ့် အစ်ကိုတို့မေးတဲ့ ညီမလေးသွားပြိုင်တဲ့ပွဲကရှိလားမရှိလား နှင်းသွေးလည်းမသိဘူးပေါ့နော်။

ပြီးတော့နောက်တစ်ခုက အရမ်းကြောက်တတ်တယ်ပေါ့နော်။ နှင်းသွေးဆိုရင်လည်း စင်ပေါ်ရောက်ရင်စင်ကြောက်တယ်။ ကင်မရာရှေ့ရောက်ရင်လည်း ကင်မရာကြောက်တယ်။ အရင်တုန်းက အခုလည်းနည်းနည်းတော့ကြောက်စိတ်တော့ရှိသေးတယ်။ ကိုယ်စင်ပေါ်တက်ရတာများလာတာနဲ့အမျှကိုယ် ကင်မရာရှေ့မှာ ထိုင်ရတာနဲ့လိုက်ပြီး နှင်းသွေးတို့တော့နည်းနည်းတော့သွက်လာတယ်ပေါ့။ ညီမလေးဖြစ်သွားတာက စင်ကြောင်တာတစ်ကြောင်း စကားကိုမပိုင်နိုင်တာတစ်ကြောင်း ကိုယ်ဘာကို ပြေမလဲဆိုတာကို အရမ်းကိုFocusထားပြီးတော့ တခြားဟာတွေကိုမေ့သွားတာကတစ်ကြောင်းပေါ့။ အဲ့ဒီလိုမျိုးလေးတွေဖြစ်ပါလိမ့်မယ်။

ဒါကတော့နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ရဲ့ အရည်အချင်းထဲမှာကိုက Communication Skillကအထိုက်အလျောက်လိုအပ်မယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ ။ ကိုယ်ကိုယ်တိုင်တက်ထားရင်တော့ကောင်းတယ်။ ဒါပေမယ့် မတတ်ထားတဲ့တိုင်အောင်တော့ ကိုပြောမယ့်စကားကိုကြိုမှတ်ထားတာလောက်ကောင်းမယ်။ ၏ သည် မရွေးစင်ပေါ်မှာကျက်ထားပြီးပြောတာမျိုးကတော့ အဆင်မပြေဘူးပေါ့နော်။ ကိုယ်ကစိတ်လှုပ်ရှားတာလဲရှိဦးမယ် စာကျက်ထားရင်လည်းစာကျက်ထားတဲ့အသံပဲထွက်မှာပေါ့နော် ။ အဲ့ဒီလိုမျိုးဆိုတော့ ကိုယ်ပြောမယ့်အကြောင်းအရာလောက်ပဲခေါင်းထဲမှတ်ထားပြီး ကိုယ့်ရဲ့Speech နဲ့ပဲ Stage ပေါ်မှာ ပြောသင့်တယ်လို့ထင်တယ်။ မြန်မာဆိုတာနဲ့ပဲနားလည်ပေးလိုက်သင့်တယ်ဆိုရင်တော့ ကမ္ဘာ့စင်မြင့်ပေါ်မှာသွားမပြိုင်ခိုင်းသင့်တာအဆင်ပြေတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကနိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့သူများနိုင်ငံတွေနဲ့ Communicate လုပ်တဲ့အချိန်မှာ Eskill ကတော့ နည်းနည်းပါးပါးတော့တတ်ထားတာပိုကောင်းတယ်။ Eskill မကောင်းဘဲနဲ့Crown ရသွားတဲ့သူတွေလည်းအများကြီးပဲ ။”ဆိုပြီးပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.