ရွှေထူးကို သောက်ချိုးမပြေတဲ့ကောင်လို့ ထင်ခဲ့ဖူးတယ်ဆိုတဲ့ ဖြိုးငွေစိုး

ရွှေထူးကို သောက်ချိုးမပြေတဲ့ကောင်လို့ ထင်ခဲ့ဖူးတယ်ဆိုတဲ့ ဖြိုးငွေစိုး

မင်းသားဖြိုးငွေစိုးကတော့ အနုပညာလောကမှာ ခြေချလာတာ နှစ်တော်တော်ကြာပြီ ဖြစ်သလို ဝေဖန်မှုတွေ မရှိပဲ ပရိသတ်အချစ်တော် မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ဖြိုးငွေစိုးကတော့ လက်ရှိမှာ ရေပန်းစားနေတဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့ အတူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ဖြစ်ပုံနဲ့ ရွှေထူးနဲ့ အတူ သရုပ်ဆောင်ရတဲ့ အပေါ် ခံစားချက်ကိုတော့ ဖြိုးငွေစိုးက ပြောကြားလာခဲ့ပါတယ်။

မင်းသားဖြိုးငွေစိုးကတော့ ဆန်းဒေးနဲ့ အင်တာဗျူးမှာ “ဒါရိုက်တာ ညီညီအောင်ကလည်း ရွှေထူးနဲ့ ရိုက်ရင် အဆင်ပြေလားဆိုတော့ ကျနော်ကလည်း ဖြစ်ပါတယ်ပေါ့။ ငယ်ငယ်တုန်းကဆိုရင်တော့ ရွှေထူးနေရာမှာ ကျနော်ရိုက်တယ်ပေါ့။ ကျနော့်နေရာမှာ ကိုလူမင်းတို့ ကိုနိုင်တို့ ကိုသားကြီးတို့နဲ့ ရိုက်ဖူးတယ်။ အဲ့လိုငယ် ဘဝလေးတွေကို သတိရပါတယ်”

ရွှေထူးနဲ့ အတူ သရုပ်ဆောင်ရတဲ့အပေါ်မှာတော့ “အဲ့လိုမျိုး ရိုက်ကွင်းရောက်သွားရင် အသစ်တွေ အဟောင်းတွေ မရှိဘူး။ သတိလည်းမထားမိဘူး။ လုပ်ရတာတွေ အားလုံးက သူတို့ခက်ရင်လည်း ကျနော်ခက်မှာပဲ လွယ်ရင်လွယ်နေမှာပဲ။ သူက သင်ရတာခက်တယ်။ သူများတွေ ရိုက်ပေးမှ ရတယ်ဆိုရင် အဲ့ရိုက်ကွင်းကို သူတို့ရောက်လာစရာ အကြောင်းမရှိဘူး။ သူဒါတွေ အားလုံးကို ကျော်ဖြတ်ပြီးတာသေချာလို့ ရိုက်ကွင်းမှာ ကျနော်တို့ အားလုံးနဲ့ လာဆုံတာ။ အဲ့အတွက် သူ့ကို ကျနော်တို့ Level နိမ့်တယ်လို့ မထင်တော့ဘူး။ ကျနော်တို့ မီအောင်လိုက်ရမယ်။ သူသည်ကိုယ်နဲ့ မတူတာ တခုရှိတယ်ဆိုတာ သိပြီးသား။ ဒါကြောင့် သူတို့ကို လက်တွဲခေါ်ရတာတွေ စောင့်ရတာတွေ မရှိဘူး။ အားလုံးတူတူပါပဲ”

ရွှေထူးနဲ့ ထိုးတဲ့အခန်းရိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေ ရှိလဲဆိုတဲ့ အပေါ်မှာတော့ “ကျနော်နဲ့ ပါတဲ့ သူငယ်ချင်းတွေကလည်း သားကြီးမင်းစိတ်တော့ လျော့နော်တဲ့။ ဟုတ်တယ် ဟိုကောင့်ပုံစံက သောက်ချိုးကတော့ မပြေဘူး။ ငါနဲ့ကတော့ ဖြစ်မှာ။ တကယ့်တကယ် ရိုက်တော့ အဲ့လိုမဟုတ်ဘူးဗျာ။ ဒီကောင်တော်တော်လေး အချိုးပြေတယ်။ စေတနာကို စေတနာမှန်းသူသိတယ်။ သူအပင်ပန်းလည်း ခံတယ်။ အသားလည်း အနာခံတယ်။ စိတ်ရော ကိုယ်ပါထည့်ပြီးတော့ အလုပ်လုပ်တယ်။ ကျနော်တို့ အဆင်ပြေသွားတယ်။ သူနဲ့ ချရတဲ့အခန်းတွေဆို လူကောင်ချင်းက မျှတော့ သိပ်မညာရဘူး။ စိတ်ရှိတိုင်းလုပ်လို့ရတယ်။ အဲ့တော့ တော်တော်လုပ်လို့ကောင်းတယ်။ သူလည်းတော်တော်နာသွားတယ်။ အဲ့အခန်းလေးတွေ ပြန်ကြည့်တော့လည်း အားရတယ်။ မိုက်တယ်။ အရင်တုန်းက နိုင်နိုင်းတို့ ကျနော်တို့ ရိုက်ရသလိုပဲ လူကောင်ချင်းမျှတော့ အိုက်တင်လုပ်ရတာတွေ ကောင်းတယ်”

“အကိုသူ့အရွယ်တုန်းက ရှုတင်ကိုရောက်တော့ ကိုယ့်အရှေ့က မင်းသားကြီးတွေက သောက်ချိုးကို မပြေတဲ့ကောင်ပါကွာ ဆိုပြီးတော့ လူပေါင်းစေ့က ပြောတာ။ လူတိုင်းပြောတာ ခံဖူးတော့ အဲ့ကိစ္စတွေကို အကိုတို့က နှောကျေနေပြီ။ အဲ့လိုလေးတွေကို အကိုတို့က ကြိုက်တယ်။ တအားကြီး သောက်ချိုးပြေနေရင် ကျန်တဲ့နေရာတွေမှာ သုံးစားလို့မရတော့ဘူး။ လူနဲ့ မတူတော့ဘူးလေ။ အရုပ်ကြီးလို ဖြစ်နေတယ်။ လူကတော့ လူဆန်တာပိုကောင်းပါတယ်။ ရွှေထူးကတော့ အကိုတို့နဲ့ နီးစပ်ပါတယ်။ နံပါတ်တစ်ကတော့ ယောကျာ်းဆန်တယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်။ အဆင်ပြေပါတယ်။ ဆက်ပြီးပြောရင် ကျနော် ရွှေထူးကို ကြိုက်တယ် ဖြစ်တော့မယ်။ ပြောရင်းပြောရင်းနဲ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.