စကားလံုးေတြနဲ႔ ထိမိေအာင္ပံုေဖာ္ ထားတဲ့ ေဆာင္းဦးလွိုင္ရဲ႕ “ၾကိဳေတာင္းပန္ပါရေစ အေမ”

စကားလံုးေတြနဲ႔ ထိမိေအာင္ပံုေဖာ္ ထားတဲ့ ေဆာင္းဦးလွိုင္ရဲ႕ “ၾကိဳေတာင္းပန္ပါရေစ အေမ”

ဂီတေလာကရဲ႕ ဆရာတစ္ဆူလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ ေတးေရး၊ ေတးဆိုအပိုင္းမွာ ထိမိတဲ့ စကားလံုးေတြနဲ႔ပရိသတ္ရင္ထဲထိ အေရာက္ထည့္ေပးႏုိင္ခဲ့တဲ့သံစဥ္ေတြကို ဖန္တီးႏုိင္ခဲ့သူက ေဆာင္းဦးလွုိင္ပါ။ ေဆာင္းဦးလွုိင္ဟာလက္ရွိ ျပည္ပမွာေနထုိင္ေနတာျဖစ္ျပီးေတာ့ သူ႔ကိုယေန႔ခ်ိန္ထိအားေပးေနဆဲ ပရိသတ္ေတြကေတာ့ ျပည္တြင္းကိုျပန္လာျပီး သီခ်င္းေတြသီဆုိဖို႔ ေတာင္းဆိုေနၾကဆဲပါ။ ေဆာင္းဦးလွုိင္ဟာျပည္ပ ေရာက္ေနေပမယ့္လည္း သူခ်စ္တဲ့အႏုပညာကိုေတာ့ အျမဲတေစဖန္တီးေနတာကိုေတြ႔ရွိရပါတယ္။

မၾကာေသးခင္က သူဖန္တီးျပီး သီဆုိျပခဲ့တဲ့ ယေန႔ ေခတ္ကို ထင္ဟပ္ေစမယ့္ စကားလံုးေတြနဲ႔ ေခတ္ သီခ်င္းဟာလည္း ပရိသတ္ေတြရဲ႕ အၾကိဳက္နဲ႔ ထပ္တူက်ေစခဲ့ပါတယ္။ ယေန႔ ၂၀၁၈ ခုႏွစ္ကို စြန္႔ခြာရေတာ့မယ့္ ေနာက္ဆံုးေန႔ေလးမွာေတာ့ ေဆာင္းဦးလွိုင္က ၾကိဳေတာင္းပန္ပါရေစ အေမ ဆုိတဲ့ ေခါင္းစဥ္နဲ႔အတူ စာတစ္ပုဒ္ကို ေရးသားခဲ့တာျဖစ္ပါတယ္။

ဒီစာေလးကိုေတာ့ ပရိသတ္ေတြက စကားလံုးေတြနဲ႔ ထိမိေအာင္ ပံုေဖာ္ႏုိင္လြန္းတယ္လို႔ မွတ္ခ်က္ေပးေနခဲ့ၾကတာျဖစ္ပါတယ္။ ေဆာင္းဦးလွုိင္ေရးသားထားတာကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။ “ ႀကိဳေတာင္းပန္ပါရေစ အေမ…”🙏🙏🙏

“အေမ့စိတ္ကူး၊ အေမ့ဆႏၵျပည့္ဝပါေစဆိုၿပီး အေမ့စိတ္ႀကိဳက္ ဇာတ္အဖဲြ႔ႀကီး ကြၽန္ေတာ္တို႔႐ြာ စင္ျမင့္ေပၚစင္ေတာ္တင္ဖို႔တစ္႐ြာလံုးကိုေဆာ္ေၾသာ စည္းရံုးတဲ့အထဲအေမ့သားကြၽန္ေတာ္လည္းဖိုးတက္ႂကြပါအေမ။တကယ္လည္းဇာတ္အဖဲြ႕ႀကီး စင္ေပၚေရာက္တဲ့အခ်ိန္ တစ္႐ြာလံုးေမွ်ာ္လင့္ခ်က္ေတြကိုယ္စီနဲ႔ေအာက္မွာ လက္ခုပ္တီးဖို႔၊ အားေပးဖို႔ အားခဲခဲ့ၾကတာပါအေမ။ ဒါေပမယ့္ ဇာတ္ကအမ်ားထင္သလိုမျဖစ္ဖူးအေမ။

လူပ်က္ေတြေၾကာင့္ပရိသတ္ငိုရတယ္။ ဝန္ႀကီးအမ်ားစုက အစထဲကမစြံၾကသလို ေနာက္ပိုင္းဇာတ္မွာပိုညံ့ပါတယ္။ အတီးဆရာကအလြမ္းဇာတ္မွာဒစ္စကိုတီးၿပီး အျမဴးဇာတ္က် ငိုခ်င္းခ်ျပန္တယ္။ ႐ြာသားအမ်ားစုက အေမ့မ်က္နွာနဲ႔သည္းခံၾကရွာပါတယ္။ ဒီၾကားထဲ ဟိုဖက္႐ြာကလူဆိုးဓါးျပေတြကို အေမကေမတၱာေရွ႕ထားခြင့္လႊတ္ သည္းခံပါဆိုေတာ့ သူတို႔ ဇာတ္စင္ေပၚတက္ဖို႔ႀကိဳးစားတယ္အေမ။

စင္ေပၚတက္လို႔မရရင္ သူတို႔ေနရာမရရင္ ပဲြဖ်က္မယ့္အႀကံကို အမ်ားကသိေနေတာ့ စိတ္ပ်က္စရာႀကီးပါအေမ။ တစ္႐ြာလံုးမီးနဲ႔ရိႈ႕ဖို႔လက္မ႐ြံ႕ေတြဆိုတာ အားလံုးက သိေနတာဘဲအေမ။ဒီတစ္ရာသီ ဒီတစ္ပဲြကေတာ့ ဇာတ္ႀကီးကဖရိုဖရဲနဲ႔ပါ။ေနာက္တစ္ရာသီ ေနာက္တစ္ပဲြ၂၀၂၀မွာလည္း အေမ့ဆႏၵအတိုင္းဘဲကြၽန္ေတာ္တို႔ဝိုင္းႀကိဳးစားဦးမွာပါ ။႐ြာသားေတြအတြက္အျခားေ႐ြးခ်ယ္စရာသိပ္မရိွပါဖူးအေမ။အဲဒီ့အခါက်ရင္သာ…ေပါခ်ာခ်ာဝန္ႀကီးေတြ ခပ္ညံ့ညံ့အခါေတာ္ေပးေတြ အရည္အခ်င္းနည္းတဲ့အဖဲြ႔သားေတြ ပါမလာေအာင္ ႀကီးၾကပ္ေပးပါအေမ။

ဟိုဖက္႐ြာကလူသတ္ဓါးျပအဖဲြ႔ကိုလည္း စည္းတဖက္ျခားမွာထား ေဘးမဲ့ေပးဖို႔သေဘာတူေပမယ့္ လူအုပ္ထဲလာေရာတာျဖစ္ျဖစ္၊စင္ေပၚတင္မယ့္ အစီအစဥ္ျဖစ္ျဖစ္ မလုပ္ၾကပါေစနဲ႔အေမ။ေလးစားစြာျဖင့္ မ်က္နွာငယ္ေနရေသာအေမ့သား ေဆာင္းဦးလိႈင္ ၃၁.၁၂.၂၀၁၈” လို႔ ေဆာင္းဦးလွုိင္က ေရးသားေဖာ္ျပထား တာကို ေတြ႔ရပါတယ္။We Love Cele Photos-Song Oo Hlaing

[Unicode]. ဂီတလောကရဲ့ ဆရာတစ်ဆူလို့ တင်စားခေါ်ဝေါ်ရလောက်အောင် တေးရေး၊ တေးဆိုအပိုင်းမှာ ထိမိတဲ့ စကားလုံးတွေနဲ့ပရိသတ်ရင်ထဲထိ အရောက်ထည့်ပေးနိုင်ခဲ့တဲ့သံစဉ်တွေကို ဖန်တီးနိုင်ခဲ့သူက ဆောင်းဦးလှိုင်ပါ။ ဆောင်းဦးလှိုင်ဟာလက်ရှိ ပြည်ပမှာနေထိုင်နေတာဖြစ်ပြီးတော့ သူ့ကိုယနေ့ချိန်ထိအားပေးနေဆဲ ပရိသတ်တွေကတော့ ပြည်တွင်းကိုပြန်လာပြီး သီချင်းတွေသီဆိုဖို့ တောင်းဆိုနေကြဆဲပါ။ ဆောင်းဦးလှိုင်ဟာပြည်ပ ရောက်နေပေမယ့်လည်း သူချစ်တဲ့အနုပညာကိုတော့ အမြဲတစေဖန်တီးနေတာကိုတွေ့ရှိရပါတယ်။

မကြာသေးခင်က သူဖန်တီးပြီး သီဆိုပြခဲ့တဲ့ ယနေ့ ခေတ်ကို ထင်ဟပ်စေမယ့် စကားလုံးတွေနဲ့ ခေတ် သီချင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။ ယနေ့ ၂၀၁၈ ခုနှစ်ကို စွန့်ခွာရတော့မယ့် နောက်ဆုံးနေ့လေးမှာတော့ ဆောင်းဦးလှိုင်က ကြိုတောင်းပန်ပါရစေ အမေ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ စာတစ်ပုဒ်ကို ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီစာလေးကိုတော့ ပရိသတ်တွေက စကားလုံးတွေနဲ့ ထိမိအောင် ပုံဖော်နိုင်လွန်းတယ်လို့ မှတ်ချက်ပေးနေခဲ့ကြတာဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ရေးသားထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ ကြိုတောင်းပန်ပါရစေ အမေ…”🙏🙏🙏

“အမေ့စိတ်ကူး၊ အမေ့ဆန္ဒပြည့်ဝပါစေဆိုပြီး အမေ့စိတ်ကြိုက် ဇာတ်အဖွဲ့ကြီး ကျွန်တော်တို့ရွာ စင်မြင့်ပေါ်စင်တော်တင်ဖို့တစ်ရွာလုံးကိုဆော်သြော စည်းရုံးတဲ့အထဲအမေ့သားကျွန်တော်လည်းဖိုးတက်ကြွပါအမေ။တကယ်လည်းဇာတ်အဖွဲ့ကြီး စင်ပေါ်ရောက်တဲ့အချိန် တစ်ရွာလုံးမျှော်လင့်ချက်တွေကိုယ်စီနဲ့အောက်မှာ လက်ခုပ်တီးဖို့၊ အားပေးဖို့ အားခဲခဲ့ကြတာပါအမေ။ ဒါပေမယ့် ဇာတ်ကအများထင်သလိုမဖြစ်ဖူးအမေ။

လူပျက်တွေကြောင့်ပရိသတ်ငိုရတယ်။ ဝန်ကြီးအများစုက အစထဲကမစွံကြသလို နောက်ပိုင်းဇာတ်မှာပိုညံ့ပါတယ်။ အတီးဆရာကအလွမ်းဇာတ်မှာဒစ်စကိုတီးပြီး အမြူးဇာတ်ကျ ငိုချင်းချပြန်တယ်။ ရွာသားအများစုက အမေ့မျက်နှာနဲ့သည်းခံကြရှာပါတယ်။ ဒီကြားထဲ ဟိုဖက်ရွာကလူဆိုးဓါးပြတွေကို အမေကမေတ္တာရှေ့ထားခွင့်လွှတ် သည်းခံပါဆိုတော့ သူတို့ ဇာတ်စင်ပေါ်တက်ဖို့ကြိုးစားတယ်အမေ။

စင်ပေါ်တက်လို့မရရင် သူတို့နေရာမရရင် ပွဲဖျက်မယ့်အကြံကို အများကသိနေတော့ စိတ်ပျက်စရာကြီးပါအမေ။ တစ်ရွာလုံးမီးနဲ့ရှို့ဖို့လက်မရွံ့တွေဆိုတာ အားလုံးက သိနေတာဘဲအမေ။ဒီတစ်ရာသီ ဒီတစ်ပွဲကတော့ ဇာတ်ကြီးကဖရိုဖရဲနဲ့ပါ။နောက်တစ်ရာသီ နောက်တစ်ပွဲ၂၀၂၀မှာလည်း အမေ့ဆန္ဒအတိုင်းဘဲကျွန်တော်တို့ဝိုင်းကြိုးစားဦးမှာပါ ။ရွာသားတွေအတွက်အခြားရွေးချယ်စရာသိပ်မရှိပါဖူးအမေ။အဲဒီ့အခါကျရင်သာ…ပေါချာချာဝန်ကြီးတွေ ခပ်ညံ့ညံ့အခါတော်ပေးတွေ အရည်အချင်းနည်းတဲ့အဖွဲ့သားတွေ ပါမလာအောင် ကြီးကြပ်ပေးပါအမေ။

ဟိုဖက်ရွာကလူသတ်ဓါးပြအဖွဲ့ကိုလည်း စည်းတဖက်ခြားမှာထား ဘေးမဲ့ပေးဖို့သဘောတူပေမယ့် လူအုပ်ထဲလာရောတာဖြစ်ဖြစ်၊စင်ပေါ်တင်မယ့် အစီအစဉ်ဖြစ်ဖြစ် မလုပ်ကြပါစေနဲ့အမေ။လေးစားစွာဖြင့် မျက်နှာငယ်နေရသောအမေ့သား ဆောင်းဦးလှိုင် ၃၁.၁၂.၂၀၁၈” လို့ ဆောင်းဦးလှိုင်က ရေးသားဖော်ပြထား တာကို တွေ့ရပါတယ်။We Love Cele

Photos-Song Oo Hlaing

Comments are closed.