ႏိုင္ငံရပ္ျခားမွာ က်န္ေနခဲ့တဲ့ ခင္ပြန္း သည္ကိုလြမ္းေနတဲ့ ယြန္းဝတီလြင္မိုး

ႏိုင္ငံရပ္ျခားမွာ က်န္ေနခဲ့တဲ့ ခင္ပြန္း သည္ကိုလြမ္းေနတဲ့ ယြန္းဝတီလြင္မိုး

ယြန္းဝတီလြင္မိုးကေတာ့ ႏိုင္ငံရပ္ျခားမွာ က်န္ေနခဲ့တဲ့ ခင္ပြန္းသည္ကို အရမ္းလြမ္းေနပါျပီ…ယြန္းဝတီလြင္မိုးနဲ႔ ထက္ဦးလွိုင္တို႔ကေတာ့ ဒီႏွစ္ပိုင္း ဇန္နဝါရီလမွာ ထိမ္းျမားလက္ထပ္ မဂၤလာေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးဟာ ၾသစေၾတးလ်မွာ ေက်ာင္းတက္ေနဆဲျဖစ္တာမို႔ မဂၤလာေဆာင္ျပီးခ်င္းမွာပဲ ၾသစေၾတးလ်ကို ျပန္သြားခဲ့တာပါ။

ယြန္းဝတီလြင္မိုးကေတာ့ စက္တင္ဘာလ ၆ ရက္ေန႔မွာ သားဦးေလးကို ေအာင္ျမင္စြာေမြးဖြားေပးခဲ့တာျဖစ္ျပီးေတာ့ ပရိသတ္ေတြကိုေတာ့သားေလးေမြးဖြားျပီး ရက္ပိုင္းေလာက္အၾကာမွသာ အသိေပးခဲ့တာျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ယြန္းဝတီလြင္မိုးဟာ သားေလးျဖစ္တဲ့ Liam နဲ႔အတူ ျမန္မာႏိုင္ငံကို ျပန္ေရာက္ေနျပီး ၾသစေၾတးလ်မွာတက္ေရာက္ေနတဲ့ ေက်ာင္းကိုေတာ့ တစ္ႏွစ္နားထားတယ္လို႔ သိရပါတယ္။

ဘိုးဘိုး၊ ဘြားဘြားေတြအတြက္ သားေျမးဦးေလးကို ေမြးဖြားေပးခဲ့တာေၾကာင့္ Liam ေလးဟာ မိသားစုတစ္ခုလံုးရဲ႕ အခ်စ္ေတြကို ရရွိထားတာလည္းျဖစ္ပါတယ္။ ၾသစေၾတးလ်ကေန ျပန္ေရာက္ေနတာ ၾကာျပီျဖစ္တဲ့ ယြန္းဝတီလြင္မိုးဟာ ႏိုင္ငံရပ္ျခားမွာက်န္ေနခဲ့တဲ့ ခင္ပြန္းသည္ကို လြမ္းေနခဲ့ပါတယ္။

ဒီေန႔မွာ သူမရဲ႕ Instagram ကေနျပီးေတာ့ ခင္ပြန္းသည္နဲ႔အတူ တြဲရုိက္ထားတဲ့ ဓာတ္ပံုေလးကို တင္ထားခဲ့တာျဖစ္ျပီး ထိုပံုေလးရိုက္မိတဲ့အခ်ိန္မွာေတာ့ Liam ေလးကို ကိုယ္ဝန္လြယ္ထားတာ ၁၅ ပတ္ရွိျပီလို႔ သိရပါတယ္။ ခင္ပြန္းသည္ကေတာ့ ယြန္းဝတီလြင္မိုးကို လြမ္းေနေၾကာင္းေရးသားထားျပီး မၾကာခင္မွာ ေတြ႔ၾကမယ္လို႔လည္းေရးသားထားတာေၾကာင့္ ယြန္းဝတီလြင္မိုးပဲ ၾသစေၾတးလ်ကို ျပန္ေတာ့မလား ဒါမွမဟုတ္ ခင္ပြန္းသည္ပဲ ျမန္မာႏိုင္ငံကို ျပန္လာမလားဆိုတာေတာ့ တိက်ေသခ်ာစြာ မသိရပါဘူးေနာ္….We Love Cele

Source-Yun Waddy

[Unicode]

ယွန်းဝတီလွင်မိုးကတော့ နိုင်ငံရပ်ခြားမှာ ကျန်နေခဲ့တဲ့ ခင်ပွန်းသည်ကို အရမ်းလွမ်းနေပါပြီ…ယွန်းဝတီလွင်မိုးနဲ့ ထက်ဦးလှိုင်တို့ကတော့ ဒီနှစ်ပိုင်း ဇန်နဝါရီလမှာ ထိမ်းမြားလက်ထပ် မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးဟာ သြစတြေးလျမှာ ကျောင်းတက်နေဆဲဖြစ်တာမို့ မင်္ဂလာဆောင်ပြီးချင်းမှာပဲ သြစတြေးလျကို ပြန်သွားခဲ့တာပါ။

ယွန်းဝတီလွင်မိုးကတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ သားဦးလေးကို အောင်မြင်စွာမွေးဖွားပေးခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေကိုတော့သားလေးမွေးဖွားပြီး ရက်ပိုင်းလောက်အကြာမှသာ အသိပေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ယွန်းဝတီလွင်မိုးဟာ သားလေးဖြစ်တဲ့ Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေပြီး သြစတြေးလျမှာတက်ရောက်နေတဲ့ ကျောင်းကိုတော့ တစ်နှစ်နားထားတယ်လို့ သိရပါတယ်။

ဘိုးဘိုး၊ ဘွားဘွားတွေအတွက် သားမြေးဦးလေးကို မွေးဖွားပေးခဲ့တာကြောင့် Liam လေးဟာ မိသားစုတစ်ခုလုံးရဲ့ အချစ်တွေကို ရရှိထားတာလည်းဖြစ်ပါတယ်။ သြစတြေးလျကနေ ပြန်ရောက်နေတာ ကြာပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးဟာ နိုင်ငံရပ်ခြားမှာကျန်နေခဲ့တဲ့ ခင်ပွန်းသည်ကို လွမ်းနေခဲ့ပါတယ်။

ဒီနေ့မှာ သူမရဲ့ Instagram ကနေပြီးတော့ ခင်ပွန်းသည်နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားခဲ့တာဖြစ်ပြီး ထိုပုံလေးရိုက်မိတဲ့အချိန်မှာတော့ Liam လေးကို ကိုယ်ဝန်လွယ်ထားတာ ၁၅ ပတ်ရှိပြီလို့ သိရပါတယ်။ ခင်ပွန်းသည်ကတော့ ယွန်းဝတီလွင်မိုးကို လွမ်းနေကြောင်းရေးသားထားပြီး မကြာခင်မှာ တွေ့ကြမယ်လို့လည်းရေးသားထားတာကြောင့် ယွန်းဝတီလွင်မိုးပဲ သြစတြေးလျကို ပြန်တော့မလား ဒါမှမဟုတ် ခင်ပွန်းသည်ပဲ မြန်မာနိုင်ငံကို ပြန်လာမလားဆိုတာတော့ တိကျသေချာစွာ မသိရပါဘူးနော်….We Love Cele

Source-Yun Waddy

Comments are closed.