မိသားစုကိုအသိမပေးပဲ တေးသံရှင် ထူးအိမ်သင်ရဲ့ပုံတွေ အသုံးပြုရင် ဥပဒေနှင့်အညီ ကန့်ကွက်သွားမယ်ဆိုတဲ့ မိကွန်​​ထော

မိသားစုကိုအသိမပေးပဲ တေးသံရှင် ထူးအိမ်သင်ရဲ့ပုံတွေ အသုံးပြုရင် ဥပဒေနှင့်အညီ ကန့်ကွက်သွားမယ်ဆိုတဲ့ မိကွန်​​ထော

အဆိုတော် ထူးအိမ်သင် ဆိုတာ ဂီတလောကမှာ ဆရာတစ်ပါးအဖြစ် လူအများလေးစားရသူ သူရေးတဲ့ သီချင်းလေးတွေ သူဆိုတဲ့ သီချင်းလေးတွေကပရိသတ်ရင်ထဲ မှာ ခုချိန်အထိ ရှိနေသေးတဲ့ ဂီတဆရာတစ်ယောက်ပါ။ နာမည်ကြီး အဆိုတော်ကြီးပီပီ ဒီနေ့ထိတိုင် အောင်မြင်နေဆဲဖြစ်တဲ့ ထူးအိမ်သင်ရဲ့ပုံရိပ်တွေကိုတော့ နေရာတိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာတွေ့ရပြီး တစ်ချို့ဆိုရင် မိသားစုကို အသိမပေးပဲ ယူသုံးကြတာတွေရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အဆိုတော် ထူးအိမ်သင်ရဲ့သမီးချောလေး မိကွန်ထောက မိသားစုကိုအသိမပေးပဲ သူမရဲ့ဖခင်ပုံတွေ အသုံးပြုရင် ဥပဒေနဲ့အညီ ကန့်ကွက်သွားမယ်လို့ လူမှုကွ့န်ယက်မှာတင်ထားတာ တွေ့ရပါတယ်။

ပရိသတ်တွေအတွက် မိသားစုကိုအသိမပေးပဲ တေးသံရှင် ထူးအိမ်သင်ရဲ့ပုံတွေ အသုံးပြုရင် ဥပဒေနှင့်အညီ ကန့်ကွက်သွားမယ်ဆိုတဲ့ မိကွန်​​ထောရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့မနက်ပိုင်းမှာတော့ ထူးအိမ်သင်ရဲ့သမီးလေး မိကွန်ထောက “မိသားစုအားအသိပေးခွင့်တောင်းခြင်းမရှိဘဲ တေးရေး/တေးဆို ထူးအိမ်သင်၏ ပုံရိပ်အသုံးပြုမှုကို ဥပဒေနှင့်အညီ ကန့်ကွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

လူသာသေ သွားပေမယ့် နာမည်မသေ တဲ့ ဂီတပညာရှင် ထူးအိမ်သင်ကိုတော့ သမီးလေး မိကွန်ထောက နှစ်တိုင်းလိုလို ဖခင်ရဲ့မွေးနေ့တိုင်းမှာ သတိတရနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖခင်ကြီး ထူးအိမ်သင်ရဲ့ပုံတွေကို မိသားစုကို အသိမပေးပဲ ယူသုံးရင် တရားဥပဒေအရ ကန့်ကွက်သွားမယ်ဆိုတဲ့ မိကွန်ထောရဲ့အကြောင်းကို Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Mi Khon Htaw’s Facebook

Comments are closed.