ပဲခူးရိုးမထဲကို ရောက်နေကြတဲ့ ခိုင်သင်းကြည် အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်

ပဲခူးရိုးမထဲကို ရောက်နေကြတဲ့ ခိုင်သင်းကြည် အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး ပရိသတ်တွေတိုင်းက အားပေးဝန်းရံ ချစ်ခင်နေကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချော သုံးယောက်ကတော့ ခိုင်သင်းကြည် အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်တို့ပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကိုယ်စီ အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ထိပ်တန်းအနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတဲ့ သူမတို့ ပရိသတ်အသည်းကျော်လေး သုံးယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း လက်တွဲလုပ်ဆောင်နေကြတာ တွေ့ရပါတယ်..။

အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေကြသလို လတ်တလောမှာလည်း ပဲခူးရိုးမထဲကို ရောက်ရှိနေပြီး ဇာတ်ကားတွေ အတူ ရိုက်ကူးနေပြီး ရိုက်ကူးရေးနားချိန်မှာလည်း အမှတ်တရဓာတ်ပုံလေးတွေ အတူရိုက်ကာ ပရိသတ်တွေကို အလွမ်းပြေစေပါတယ်နော်..။

“ပဲခူးရိုးမမှာ ချစ်ရတဲ့မမတွေနဲ့ ရိုက်ကွင်းပြီးချိန်..” ဆိုပြီး သုံးယောက်အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို အချစ်တော်လေး မေမြင့်မိုရ်က ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ပြည်သူ့အသည်းကျော် မင်းသမီးသုံးယောက်ကတော့ “ ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာပြည်သူပရိသတ်တွေအားလုံးရဲ့ အချစ်တော်မင်းသားချောဖြစ်တဲ့ သဘာဝမင်းသား မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်တို့နဲ့အတူ ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည် အိန္ဒြာကျော်ဇင်နဲ့ မေမြင့်မိုရ်တို့ အသည်းကျော်လေး သုံးယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ အားလုံးလည်း အလွမ်းပြေလောက်ကြမယ်လို့ ထင်ပါတယ်နော်..။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – မေမြင့်မိုရ်

Comments are closed.