
ရုပ်ရှင်အစည်းအရုံးအမှုဆောင်တစ်ချို့နဲ့ ကစ်ကစ်ထံသွားရောက်အားပေးခဲ့တဲ့ ဦးဝင်းမြိုင်
အဖေဇာတ်ဝင်ခန်းတွေကနေ ခန့်ခန့်ညားညား သရုပ်ဆောင်ပေးလေ့ရှိတဲ့ ဦးဝင်းမြိုင်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် အရမ်းကို ရှားပါးလွန်းလှပါတယ်နော်။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့ဇာတ်ဝင်ခန်းတွေကို အပီအပြင် သရုပ်ဆောင်ပြသပေးလေ့ရှိတဲ့ ဦးဝင်မြိုင်ကတော့ ကစ်ကစ်သေဆုံးပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စုံစမ်းလိုက်တော့ သေချာမသိခဲ့ရတဲ့အတွက် ရုပ်ရှင်အစည်းအရုံး အမှုဆောင်တစ်ချို့နဲ့ ကစ်ကစ် ဆေးရုံတင်ထားရတဲ့ ကုတင် (၅၀၀)ကိုသွားပြီး လန်းဆန်းစွာရှိနေဆဲဖြစ်တဲ့ သူမကို ဆေးကုသစရိတ် ထောက်ပံ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ်ထံသွားရောက်ပြီး ဆေးကုသမှုစရိတ်ထောက်ပံ့ပေးခဲ့တဲ့ ဦးဝင်မြိုင်ကတော့ ကစ်ကစ်တစ်ယောက် သက်ရှိထင်ရှားရှိနေပြီး လန်းဆန်းစွာရှိနေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သတင်းကောင်းပါးထားခဲ့တာပဲ ဖြစ်ပါတယ်။

ထိုသို့ သတင်းကောင်း ပါးထားခဲ့တဲ့ ဦးဝင်းမြိုင်ကတော့ ” “တုံးကျော်မ ကစ်ကစ်” ဒီနေ့မနက်စောစော fb သတင်းတွေတက်လာတယ် ကစ်ကစ် ဆုံးပြီတဲ့ သတင်းတွေလိုက်စုံစမ်းတော့ တိတိကျကျ မသိရတာနဲ့ ရုပ်ရှင်အစည်းအရုံး အမှုဆောင် အချို့နဲ့ မင်းရဲကျော်စွာလမ်း၊ ကုတင် ၅၀၀ ကို ပြေးရတာပေါ့ ကစ်ကစ် မသေပါ လန်းဆန်းစွာရှိနေပါကြောင်း “

” ဗီဒီယိုအလွှာ ဥက္ကဋ္ဌ ဒေါ်သင်သင်းနွယ် (ရွှေပင်ဆင့် ထုတ်လုပ်ရေးပိုင်ရှင်)က ဆေးကုသစရိတ် ထောက်ပံ့ခဲ့ပါတယ် ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ကစ်ကစ်နဲ့ ပတ်သက်ပြီး သတင်းကောင်းပါးပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

လန်းလန်းဆန်းဆန်းဖြစ်နေပြီဖြစ်တဲ့ ကစ်ကစ်ကို ပြန်လည်မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ပရိသတ်တွေလည်း အရမ်းကို ဝမ်းသာပီတိဖြစ်မိမယ်လို့ ထင်ပါတယ်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်တစ်ချို့နဲ့အတူ ကစ်ကစ်ထံ သွားရောက်ပြီး ဆေးကုသစရိတ် ထောက်ပံ့ပေးခဲ့ကြတဲ့ ဦးဝင်းမြိုင်တို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း ဝမ်းသာကြည်နူးမိမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ ပို့သပေးကြတဲ့ စေတနာ မေတ္တာတွေကြောင့် သေခြင်းတရားကတစ်ဖန်ပြန်လည် လွတ်မြောက်ခဲ့ရတဲ့ ကစ်ကစ်ရဲ့ ဝမ်းသာစရာ သတင်းကောင်းလေးကို မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Ref : Win Myaing’s Facebook